ကင်ဂျုံအွန်းကို ဘာတွေကျွေးမလဲ

korea

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကင်ဂျုံအွန်းရဲ့ ညစာစားပွဲ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ကို တောင်ကိုရီးယားနဲ့ ထိပ်သီးဆွေးနွေးပွဲ ညစာမှာ ဆွစ်ဇာလန် အာလူးဟင်းလျာနဲ့ တည်ခင်းမယ် လို့ သိရပါတယ်။

ဒါဟာ သူ့ရဲ့ ငယ်ဘဝ ဆွစ်ဇာလန်မှာ ကျောင်းနေတဲ့ အချိန်တွေကို ပြန်အမှတ်ရအောင် လုပ်တာ ဖြစ်နိုင်ပါတယ်။

ကင်ဂျုံအွန်း ဆွစ်ဇာလန်မှာ စာသင်ခဲ့သလား ဆိုတာ ကိုတော့ မြောက်ကိုရီးယားဘက်က ဘယ်တုန်းကမှ အတည်မပြုခဲ့ပါဘူး။

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းကိုတော့ သူ့ဇာတိ ဘူဆန်မြို့မှာ စားလေ့ရှိတဲ့ ငါးဟင်းနဲ့ ဧည့်ခံမှာပါ။

သောကြာနေ့ တွေ့ဆုံပွဲဟာ ၂ဝဝ၇ နောက်ပိုင်း နှစ်နိုင်ငံ ပထမဆုံး ထိပ်သီး ဆွေးနွေးပွဲ ဖြစ်ပါတယ်။

နှစ်ဘက်စလုံးက ဟင်းလျာတွေနဲ့ ဧည့်ခံဖို့လည်း ရှိတယ်လို့ အိမ်ရှင် တောင်ကိုရီးယားဘက်က ဆိုပါတယ်။

မြောက်ကိုရီးယားမှာ နာမည်ကြီးတဲ့ ခေါက်ဆွဲအေးကိုတော့ စစ်မဲ့ဇုန် တောင်ဘက်ခြမ်းမှာ ပြုံယမ်းက နာမည်ကျော် စားတော်ကဲ တယောက်ကိုယ်တိုင် တောင်ကိုရီးယား သမ္မတ ဖိတ်ကြားမှုနဲ့ လာချက်ပေးမှာပါ။

ဗီဒီယို ပုံစာ, ကင်မ်နဲ့မွန်ကြား ဘာတွေ မပြောအပ်ဘူးလဲ
food

ဓာတ်ပုံ ရင်းမြစ်, HANDOUT

ဓာတ်ပုံ ပုံစာ, ရော့ရှ်တီ အာလူးကြော်

ရော့ရှ်တီ လို့ ခေါ်တဲ့ ဆွစ်ဇာလန်က အာလူးကြော်က ကင်ဂျုံအွန်း အတွက် ဖြစ်ပါတယ်။

Munbaeju လို့ ခေါ်တဲ့ မြောက်ပိုင်းကလာတဲ့ သစ်တော်သီးဝိုင်ကိုတော့ တောင်ဘက်မှာ ချက်ပြီး ထိပ်သီးဆွေးနွေးပွဲမှာ တည်ခင်းဖို့ ရှိတယ်လို့ တောင်ကိုရီးယား အစိုးရ အိမ်တော် ဖေ့စ်ဘွတ်မှာ ဖော်ပြပါတယ်။

ဂျွန်ဒိုရီ ငါးကင်ကိုတော့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းတို့ ဘူဆန်မြို့ဘက်မှာ စားလေ့ရှိတဲ့ ဟင်းမျိုးမို့ ရွေးချယ်ခဲ့တာ ပါ။

ဆွေးနွေးပွဲဟာ မြောက်ကိုရီးယား အဏုမြူ စီမံကိန်းကို ဖြေရှင်းဖို့ သံတမန်ရေး အားထုတ်မှုက ပေါ်ထွန်းလာတာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ကင်ဂျုံအွန်းရဲ့ တရုတ်ပြည်ခရီး
korea

ဓာတ်ပုံ ရင်းမြစ်, Blue House

ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယား သမ္မတအတွက် ငါးကင်

တောင်ကိုရီးယား အနေနဲ့ ဧည့်ခေါင်းဆောင်တွေကို အစားအသောက်နဲ့ တည်ခင်းပြီး နိုင်ငံရေး ရင်းနှီးမှု ယူတတ်တယ်လို့ ကျော်ကြား ပါတယ်။

အမေရိကန် သမ္မတ ထရမ့် ၂ဝ၁၇ မှာ လာတုန်းကတော့ တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံကြား ပိုင်နက် အငြင်းပွားနေတဲ့ ကျွန်းတွေနားက ဖမ်းထားတဲ့ ပုဇွန်နဲ့ တည်ခင်း ကျွေးမွေးခဲ့တာပါ။

korea

ဓာတ်ပုံ ရင်းမြစ်, HANDOUT

ဒီအချိန်မှာပဲ ဂျပန်ဘက်ကလည်း မြောက်ကိုရီးယား နဲ့ တောင်ဘက် ထိပ်သီးညစာအတွက် သရက်သီး မုန့်အချိုနဲ့ ဧည့်ခံရာမှာ နှစ်ပြည်ထောင် အငြင်းပွားနေတဲ့ ကျွန်းတွေပုံ ထည့်ထားတယ်ဆိုပြီး အပြင်းအထန် ကန့်ကွက်နေပါတယ်။

ညစာစားပွဲမှာ ထိုင်တဲ့ ကုလားထိုင် တွေမှာလည်း ဒီအငြင်းထွက်နေတဲ့ ကျွန်းတွေပါတဲ့ မြေပုံတွေ ခြယ်သထားပါတယ်။

ဒီကျွန်းတွေကို လက်ရှိ တောင်ကိုရီးယားက အုပ်ချုပ်နေပြီး ဒါတွေကို ဂျပန်က တောင်းဆိုနေတာ ဖြစ်ပါတယ်။

korea

ဓာတ်ပုံ ရင်းမြစ်, AFP