ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကလေး အဓမ္မကျင့်မှု သေဒဏ်အပြစ်ပေးရေး အိန္ဒိယ အတည်ပြု
ကလေးသူငယ်တွေကို အဓမ္မပြုကျင့်မှုတွေအပါအဝင် အုတ်အော်သောင်းနင်းဖြစ်စေတဲ့ ထင်ရှားတဲ့ ပြစ်မှုတွေအတွက် သေဒဏ်ပေးဖို့ အမိန့်ကို အိန္ဒိယအစိုးရက ထုတ်ပြန် အတည်ပြုပေးလိုက်ပါတယ်။
ဒီပြောင်းလဲလိုက်တဲ့ ပြစ်ဒဏ်အရ အသက် ၁၂ နှစ်အောက်ကလေးတွေ ပြုကျင့်ခံရတဲ့ အဓမ္မမှုတွေကို ပြစ်မှုဆိုင်ရာ ဥပဒေကျင့်ထုံးအရ ပြစ်ဒဏ်တွေကို စီရင်တော့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်တွေအတွင်းက အိန္ဒိယနိုင်ငံမှာ အသက် ၈ အရွယ်မိန်းကလေးကို အဓမ္မပြုကျင့် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး နောက်နိုင်ငံတဝှမ်းဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပါ။
လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအတွက် အစိုးရဘက်က လုံလောက်တဲ့ အကာအကွယ်ပေးမှုတွေ မလုပ်ဘူးလို့လည်း အစိုးရအပေါ် အကြီးအကျယ်ဝေဖန်နေကြတာပါ။
ရာဇဝတ်မှုတော်တော်များများကို သေဒဏ်ပြစ်ဒဏ်ချမှတ်တာတွေ အိန္ဒိယနိုင်ငံမှာ ရှိခဲ့ပေမဲ့ ကလေးသူငယ်တွေကို အဓမ္မပြုကျင့်မှုတွေကိုတော့ သေဒဏ်ပြစ်ဒဏ်ချမှတ်နိုင်တာ မရှိခဲ့ပါဘူး။
၂၀၁၆ ခုနစ် တနှစ်တည်းမှာပဲ အမှုပေါင်း ၁၉၀၀၀ လောက်ဖြစ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
အစိုးရ အဲဒီအမိန့်ဟာ ဝန်ကြီးချုပ် မိုဒီဦးဆောင်တဲ့ အထူးအစည်းအဝေးအပြီးမှာ ပေါ်ထွက်လာတာဖြစ်ပါတယ်။