အိန္ဒိယမှာ သတို့သားတွေ ပြန်ပေးဆွဲခံနေရ

အိန္ဒိယ နိုင်ငံမှာ ကိုယ့်ရင်သွေး အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင်ချပေးဖို့အချိန်မှာ ခေါင်းခဲရတဲ့ သမီးရှင်တွေ ရှိကြပါတယ်။ ကိုယ့်သမီး လင်ကောင်းသားကောင်းရဖို့အတွက် တော်တော် ဖိအားများတာကြောင့် ဘီဟာ ပြည်နယ်မှာဆိုရင် သတို့သား တွေကို ပြန်ပေးဆွဲတာ တောင်ရှိကြပါတယ်။ အဲဒီလို ကြုံခဲ့ရတဲ့ လူ နှစ်ယောက်က သူတို့ရဲ့အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။