ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယားဝန်ကြီး ဆွီဒင် ကို ရုတ်တရက်သွားရောက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း တို့ တွေ့ဆုံပွဲမတိုင်ခင်မှာပဲ ရှေ့ပြေးအနေနဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဟာ ဆွီဒင်နိုင်ငံကို ရုတ်တရက်သွားရောက်ခဲ့ ပါတယ်။
ဝန်ကြီး လီယွန်းဟိုရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ' ' ဒါဟာ နှစ်ဦးနှစ်ဖက် စိုးရိမ်နေတဲ့ အရေး ကိစ္စတွေနဲ့ နှစ်နိုင်ငံဆက်ဆံရေး အတွက် သွားတာပါလို့ '' ပြုံယမ်းဘက်ကဆိုပါတယ်။
ဝါရှင်တန်နဲ့ ပြုံယမ်းကြား ဝင်ရောက်စေ့စပ်ရာမှာ ဆွီဒင်က အရှည်ကြာဆုံးကြားခံရပ်တည် ပေးခဲ့တဲ့ သမိုင်းရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
အခုလိုစီစဉ်မထားဘဲဖြစ်ပေါ်လာတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ ဆွီဒင်ခရီးစဉ်ဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့တွေ့ဆုံနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တာဖြစ်မယ်လို့ ထင်မြင်ချက် ပေးနေကြပါတယ်။
မြောက်ကိုရီးယားမှာ အမေရိကန်သံရုံးမရှိတဲ့အတွက် အမေရိကန်ရဲ့သံတမန်ရေးရာတွေကို ဆွီဒင်က ကိုယ်စား ပြုဆောင်ရွက်ပေးခဲ့ဖူးသလို မြောက်ကိုရီးယားက ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အမေရိကန် နိုင်ငံသားတွေ လွတ်မြောက်အောင်လို့ ဝင်ရောက်ကူညီပေးခဲ့ဖူးပါတယ်။
မကြာသေးခင်အထိ အပြန်အလှန်ရန်မူပြီး စကားစစ်ထိုးခဲ့တဲ့ ခေါင်းဆောင် ၂ဦးဟာ တွေ့ဆုံဆွေးနွေး တော့မယ်ဆိုပြီး အံ့အားသင့်စရာထုတ်ဖော်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။
မစ္စတာထရမ့်နဲ့တွေ့ဆုံဖို့အတွက် တောင်ကိုရီးယားကနေတဆင့် သတင်းစကားပါးခဲ့ပေမဲ့ အခုအချိန်ထိ တော့ ဒီတွေ့ဆုံမှုအတွက် မြောက်ကိုရီးယားဘက်က တရားဝင် ထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။