ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထရမ့် နဲ့ ကင်ဂျုံအွန်း မေမှာ တွေ့မယ်
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ တွေ့ဆုံဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် က သဘောတူညီ လိုက်ပါတယ်။
လာမယ့် မေလ မှာ ကင်ဂျုံအွန်း နဲ့ ဒေါ်နယ် ထရမ့် တို့ တွေ့ဆုံ နိုင်ကြောင်း အိမ်ဖြူတော် မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ တောင်ကိုရီးယား နိုင်ငံ လုံခြုံရေး အကြံပေး ချုံအွီယုံ က ပြောကြား သွားပါတယ်။
မြောက်ကိုရီးယား နိုင်ငံ အနေနဲ့ နျူကလီးယား လက်နက် နဲ့ မစ်ဆိုင်း ဒုံးကျည် တွေ ဖြုတ်သိမ်း ဖို့ ကင်ဂျုံအွန်း က ကမ်းလှမ်း ခဲ့တယ်လို့ မစ္စတာ ချုံက သတင်းစာ ရှင်းလင်းပွဲမှာ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တပတ် က တောင်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ နဲ့ ကင်ဂျုံအွန်း တို့ တွေ့ဆုံ ခဲ့ကြပြီးနောက်မှာ အမေရိကန် သမ္မတ နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် တို့ တွေ့မယ့် အစီအစဉ် ကို ထုတ်ဖော် ကြေညာခဲ့တာပါ။
တောင်ကိုရီးယား ရဲ့ ရှင်းလင်း ပြောဆို မှု ကို သမ္မတ ထရမ့် က အလေးအနက် ကျေးဇူး တင်ကြောင်း ပြောဆို ခဲ့ပြီး လာမယ့် မေ လမှာ ကင်ဂျုံအွန်း နဲ့ တွေ့ဆုံပြီး နျူကလီးယား ကင်းစင်ရေး အတွက် ဆွေးနွေး ဖို့ ကတိပေးခဲ့ကြောင်း မစ္စတာ ချုံက ပြောကြားခဲ့ပါတယ်။
မစ္စတာ ချုံဟာ မကြာသေးခင် ကမှ မြောက်ကိုရီးယား နိုင်ငံကနေ ပြန်လည် ရောက်ရှိ လာခဲ့ပြီး အမေရိကန် သမ္မတနဲ့ တွေ့ဖို့ အိမ်ဖြူတော် ကို ရောက် ရှိနေတာ ဖြစ်ပါတယ်။