ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်အာဖရိက အေအန်စီ ပါတီ အမှုဆောင်အစည်းအဝေး ကျင်းပမယ်
တောင်အာဖရိက သမ္မတ ဂေျကော့ဘ် ဇူးမား ဟာ သမ္မတ ရာထူး ကနေ ဆင်းပေးဖို့ အာဏာရ အေအန်စီ ပါတီ ကရော ပြည်သူ အများစု ကပါ အဂတိ လိုက်စားမှု စွပ်စွဲ ချက်တွေ နဲ့ ဖိအားပေး နေပါတယ်။
ဒါပေမဲ့ သမ္မတ ဇူးမား ကလည်း သူ့မှာ အပြစ် မရှိကြောင်း ပြောရင်း ရာထူး က ဆင်းပေးဖို့ ငြင်းဆန် နေပါတယ်။
သမ္မတဇူးမား ဟာ လာမဲ့ ကြသာပတေးနေ့ကျရင် နိုင်ငံ အခြေပြ မိန့်ခွန်း ကြေညာ ဖို့ ရှိတဲ့ အတွက် ဗုဒ္ဓဟူး နေ့မှာတင် ပါတီ အနေနဲ့ ဒီကိစ္စ ပြတ်သွားချင် နေတာပါ။
ဒါကြောင့်မို့ ဗုဒ္ဓဟူးနေ့ အေအန်စီပါတီ ရဲ့ အမျိုးသား အမှုဆောင် ကော်မတီ အဖွဲ့ အစည်း အဝေး မှာ သမ္မတ ဇူးမား အပေါ် အယုံ အကြည်မရှိ အဆို ကို တင်သွင်းပြီး သဘော တူညီမှု ရသွားရင် သူ ဘယ်လိုမှ ခုခံ အံတု လို့ မရတော့ ပါဘူး။
တောင်အာဖရိက ဆိုင်ရာ အဂတိ လိုက်စား မှုလေ့လာ စောင့်ကြည့်တဲ့ အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဒေးဗစ် လွစ္စ ကလည်း သမ္မတ ရာထူးက ဆင်းပေး ဖို့ လိုကြောင်း ဒါမှ မဟုတ်ရင် အေအန်စီ ပါတီ အတွင်းမှာ သဘောထား ကွာဟမှု တွေ ပေါ်ပေါက် လာနိုင်ရာက မယုံနိုင် စဖွယ် သိက္ခာ ကျဆုံးမှု တွေ ရှိလာ နိုင်ပါတယ် လို့ ပြောပါတယ်။
၂၀၁၆ ရွေးကောက်ပွဲတုန်း က မဲဆန္ဒနယ် တချို့မှာ အတိုက် အခံ ပါတီတွေ မဲအနိုင် ရသွားတဲ့ အတွက် သူ့ ကို ဖြုတ်ချပြီး လက်ရှိ အေအန်စီ ပါတီ ခေါင်းဆောင် စီရီလ် ရာမာဖိုစာ နဲ့ အစားထိုး ဖို့ လိုနေပါပြီ။
ရှေ့နှစ် ၂၀၁၉ ခု မှာ လည်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပမှာမို့ ပါတီ ရဲ့ သြဇာ အာဏာ တွေ ကို သမ္မတ ဇူးမား ကြောင့် အစွန်းအထင်း အဖြစ် မခံ နိုင်ပဲ ရှိနေ ပါတယ်။