ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်အာဖရိက အမျိုးသားကွန်ဂရက်ပါတီ ခေါင်းဆောင်သစ် ရွေးချယ်တော့မည်
တောင်အာဖရိက အမျိုးသားကွန်ဂရက်ပါတီ ANC ရဲ့ အနာဂတ်ဟာ အန္တရာယ်ရှိနေပြီလို့ တောင်အာဖရိက သမ္မတ ဂျက်ကော့ဗ် ဇူးမားက သူ့ရဲ့ ပါတီခေါင်းဆောင်ဘဝ နောက်ဆုံးမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။ အကြီးဆုံးအန္တရာယ်ဟာ ပါတီတွင်း ဂိုဏ်းဂဏဝါဒဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်မှာ ဘဝင်မြင့်မှုတွေ အဂတိလိုက်စားတာအပေါ် မပြတ်သားမှုတွေကြောင့် ပါတီအပေါ်မှာ လူအများက အယုံအကြည်ကင်းမဲ့လာနေကြပြီလို့လည်း ထုတ်ဖော်ပြောဆိုသွားပါတယ်။
ခေါင်းဆောင်သစ်ရွေးချယ်မယ့် ANC ပါတီညီလာခံအဖွင့်မှာ ဂျက်ကော့ဇူးမားမိန့်ခွန်းပြောတာဖြစ်ပါတယ်။
ခေါင်းဆောင်သစ် အဖြစ် ထိပ်ဆုံးက တစ်ပြေးနေကြသူတွေကတော့ လက်ရှိ ဒုသမ္မတ မစ္စတာ စီရရယ် ရာမာဖိုးစား နဲ့ အရင် နိုင်ငံခြားရေး၀န်ကြီးဟောင်း လည်းဖြစ် သမ္မတဇူးမား ရဲ့ ဇနီးဟောင်းလည်း ဖြစ်တဲ့ မစ္စ နကိုဆာဇန်နာ ဒလာမီနီ ဇူးမား တို့ ဖြစ်ကြပါတယ်။
သမ္မတဇူးမားဟာ ANC ဥက္ကဌရာထူးက ထွက်သွားပေမယ့် ၂၀၁၉ ရွေးကောက်ပွဲအထိ တောင်အာဖရိက နိုင်ငံ သမ္မတ အဖြစ် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။