ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာဘွန်စျေးကွက်ကို တရုတ် ဖော်ဆောင်မယ်
တရုတ်နိုင်ငံက စွမ်းအင်ကုမ္ပဏီ ၁၇ဝဝ ဝန်းကျင်ရဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု ပမာဏကို ကန့်သတ်မယ့် အစီအစဉ်တွေကို တရုတ် အစိုးရ ထုတ်ပြန်လာပါတယ်။
ဥရောပ သမဂ္ဂထဲမှာ သတ်မှတ်ထားတဲ့ ကာဘွန် စျေးကွက် အတိုင်းပဲ တရုတ် အစိုးရကလည်း ဖော်ဆောင်မှာ ဖြစ်ပါတယ်။
ကာဘွန် စျေးကွက်ဆိုတာ အစိုးရက ခွင့်ပြုထားတဲ့ ဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု စံနှုန်း ပမာဏအောက် လျှော့ထုတ်နိုင်တဲ့ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို စျေးကွက်ထဲမှာ ပိုပြီး ရောင်းချခွင့် အခွင့်အရေး ပေးတာ ဖြစ်ပါတယ်။
စီအိုတူး လျှော့ထုတ်လေလေ စျေးကွက် အခွင့်အရေး ပိုရလေလေ ဖြစ်ပါတယ်။
တရုတ်အစိုးရဘက်က အခုလို ပြင်ဆင်လာတာကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက ကြိုဆို နေကြပါတယ်။
ဒါပေမယ့်လည်း တရုတ် နိုင်ငံထဲ အခုလို ပြင်ဆင် ပြောင်းလဲတာတွေဟာ အခု လာမယ့် တစ်နှစ် အတွင်းမှာတော့ စတင်သက်ဝင် လာနိုင်ဖွယ် မရှိသေးပါဘူး။
ကမ္ဘာ့နိုင်ငံတွေထဲ တရုတ်ဟာ ကျောက်မီးသွေးကို အသုံးပြုဆုံး နိုင်ငံ ဖြစ်နေတဲ့ အတွက်၊ သဘာဝ ညစ်ညမ်းမှု အဖြစ်စေဆုံး နိုင်ငံအဖြစ် သတ်မှတ် ထားပါတယ်။
တစ်ဘက်မှာလည်း တရုတ်နိုင်ငံဟာ ပြန်လည် အသုံးချနိုင်စွမ်း ရှိတဲ့ စွမ်းအင် တနည်းအားဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေတဲ့ စွမ်းအင်မျိုးကို ရရှိအောင် ရင်းနှီးမြှုပ်နှံမှု အပြုလုပ်ဆုံး နိုင်ငံလည်း ဖြစ်နေပါတယ်။