ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘေဂျင်းဝန်းကျင်က လုပ်ငန်းအများစု လေထုညစ်ညမ်း စည်းကမ်းမလိုက်နာ
တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်း အနီးတဝိုက်မှာ ဖွင့်လှစ်ထားတဲ့ လုပ်ငန်းတွေထဲက ၇၀ ရာခိုင်နှုန်းကျော်ဟာ လေထုညစ်ညမ်းခြင်းဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ထားတာကို တွေ့ရတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
သုတေသီတွေရဲ့ တွေ့ရှိချက်အရ ဒီလုပ်ငန်းတွေဟာ လုပ်ငန်းအရ ခွင့်ပြုထားတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ တခြားဓါတ်ငွေ့ ထွက်ရှိခွင့် ကျော်လွန်နေတာ၊ ခွင့်ပြုမိန့် မရှိပဲ လုပ်နေတာ၊ ဒါမှမဟုတ် လေထုညစ်ညမ်းမှုကို ထိန်းချုပ်နိုင်မယ့် ပစ္စည်း ကိရိယာ မရှိတာ စသဖြင့် အမျိုးမျိုး ရှိနေတာပါ။
အခုလို စစ်ဆေးမှုတွေကို တရုတ်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းက မြို့ပေါင်း ၂၈ မြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အခုလို တွေ့ရှိချက်ကြောင့် တရုတ်ကုမ္ပဏီတွေဟာ အစိုးရရဲ့ တင်းကြပ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒတွေကို ဗြောင်ကျကျ လျစ်လျူရှုထားတယ်ဆိုတဲ့ သံသယတွေကိုလည်း အတည်ပြုပေးလိုက်သလို ဖြစ်နေပါတယ်။
WHO က သတ်မှတ်ထားတဲ့ လေထု အရည်အသွေး သတ်မှတ်ချက်မှာ နှစ်စဉ် လေထု တကုဗ မီတာမှာ အန္တရာယ်ပေးနိုင်တဲ့ အမှုန် ၂၅ မိုက်ခရိုဂရမ်အထိပဲ ရှိသင့်တယ်ဆိုပေမယ့် ၂၀၁၆အတွင်း ဘေဂျင်းလေထု တကုဗ မီတာမှာ အန္တရာယ်ပေးနိုင်တဲ့အမှုန် ၇၃ မိုက်ခရို ဂရမ်အထိ ပါဝင်နေတာ ဖြစ်ပါတယ်။