ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘေဂျင်းမြို့နားက စီးပွားရေးဇုန်ဆောက်တာ ပတ်ဝန်းကျင် မထိခိုက်ရေး တိုက်တွန်း
တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းနားမှာ ကြီးကြီးမားမား ဆောက်လုပ်နေတဲ့ စီးပွားရေးဇုန် စီမံကိန်းမှာ သမိုင်းအမွေနဲ့ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်ဖို့အတွက် သေသေချာချာ အစီအစဉ်ချပြီးမှ ဆောက်ကြဖို့ အစိုးရက တိုက်တွန်းလိုက်ပါတယ်။
ဟီပေနယ် ရှုံအန်ဒေသထဲမှာ အခုလို ဆောက်လုပ်မယ့် စီမံကိန်းကို ပြီးခဲ့တဲ့ လက ကြေညာအပြီးမှာ ဒီဒေသရဲ့ မြေဈေးတွေလည်း ထိုးတက်သွားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ဒုတိယ ခေါင်းဆောင် ကျန်ကောင်းလီက အခုလို ဆောက်လုပ်မယ့် စီမံကိန်းနေရာကို လာရောက်စဉ်မှာလည်း ဆောက်လုပ်ရေး လုပ်ငန်းတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဖို့နဲ့ ပတ်ဝန်းကျင်နဲ့ သမိုင်းအမွေကို မထိခိုက်စေဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
ဒီနေရာတဝိုက်က အဓိက မြို့တွေဖြစ်တဲ့ ဘေဂျင်း၊ ဟီပေနဲ့ တီရန်ကျင်းမြို့တွေရဲ့ စီးပွားရေး အချင်းချင်း ပြိုင်ဆိုင်မှုကြောင့် လေထုညစ်ညမ်းမှုတွေ ပိုဖြစ်နေတယ်လို့ ဝေဖန်ခံရအပြီးမှာ ဒီသုံးမြို့ရဲ့ စီးပွားရေးကို ပေါင်းစည်းဖို့အတွက် အခုလို စီးပွားရေးဇုန်ဆောက်တဲ့ နည်းလမ်းနဲ့ ကြိုးစားထားတာလည်း ဖြစ်ပါတယ်။