ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီးယူ-ကနေဒါ ကုန်သွယ်ရေး စာချုပ် အထမြောက်လာဖို့ ဥရောပ ကောင်စီ တိုက်တွန်း
ဥရောပ သမဂ္ဂ အဖွဲ့ အီးယူနဲ့ ကနေဒါ နိုင်ငံအကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူမှု အထမြောက် အောင်မြင်လာအောင် လုပ်ဆောင်ဖို့ အချိန်မှီသေးတယ် လို့ ဥရောပ ကောင်စီ ဥက္ကဌ ဒေါ်နယ်တုစ်ခ် က ပြောပါတယ်။
ဒီ သဘောတူမှု ဖြစ်မြောက် လာအောင် ၇ နှစ်တာ ဝန်းကျင် အချိန်ယူ ကြိုးစား လာခဲ့ကြရတာ ဖြစ်ပြီး၊ လာမယ့် ကြာသပတေးနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ စာချုပ် လက်မှတ် ရေးထိုးပွဲ ကျင်းပကြဖို့ အထိ စီစဉ်ပြီးကာမှ အီးယူ အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ ဘယ်လ်ဂျီယမ်က ဒီ စာချုပ်မှာ ဝင်ရောက် လက်မှတ် မရေးထိုးနိုင် ဖြစ်လာပါတယ်။
ဘယ်လ်ဂျီယမ် နိုင်ငံရဲ့ ဝယ်လိုနီးယား ပြည်နယ်ရဲ့ ဆိုရှယ်လစ် အစိုးရက စာချုပ်ပါ အချက်အလက် တွေကို သေချာ လေ့လာ ဆန်းစစ် နိုင်ဖို့ အချိန် ထပ်လိုချင်တယ် လို့ ပြောနေပါတယ်။
ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုး ကတော့ ဘရပ်ဆဲလ်စ် မြို့ လက်မှတ်ရေးထိုးပွဲ အထမြောက် လာဖို့ ဖြစ်နိုင်ခြေ ရှိနေ သေးတယ်လို့ မျှော်လင့် နေပါတယ်။
မစ္စတာ ထရူးဒိုး က ပါဝင် ပတ်သက်နေသူတွေ အားလုံးကို အဖြေတစ်ရပ် ရှာကြဖို့ တိုက်တွန်း နေပါတယ်။