ရီပတ်ပလီကန် သမ္မတလောင်း ရွေးချယ်နေ

ဓာတ်ပုံ ရင်းမြစ်, AP
အမေရိကန် နိုင်ငံ အိုင်အိုဝါ ပြည်နယ် မှာ ရီပတ်ပလီကန် ပါတီ က လာမယ့် သမ္မတ ရွေးကောက်ပွဲ အတွက် သူတို့ သမ္မတ လောင်း ကိုယ်စားလည် ရွေးချယ်ပွဲ လုပ်ခဲ့ရာမှာ မက်ဆာချူးဆက် ပြည်နယ် အုပ်ချုပ်ရေးမှူး ဟောင်း မစ် ရွန်နီ က သူနဲ့ မဲအနီးကပ်ဆုံး ပြိုင်ဘက် အထက် လွှတ်တော် အမတ် ဟောင်း ရစ်ခ ဆန်တိုရမ် ကို မဲ ၈ မဲ အသာ နဲ့ အနိုင် ရ ခဲ့ ပါတယ်။
မဲပေးခဲ့ သူပေါင်း အိုင်အိုဝါမှာ ၁ သိန်း ၂ သောင်းကျော် ရှိခဲ့ပြီး အခု ထိပ်ဆုံး က ပြိုင်ဘက် ၂ ယောက် စလုံး မဲ လေးပုံ တပုံ လောက်စီ ရ ခဲ့ ကြပါတယ်။
အခုရလဒ် ဟာ နိုင်ငံ တခုလုံးမှာ ရှိတဲ့ ရီပတ်ပလီကန် တွေ ရဲ့ သဘောထား ကို ထင်ဟတ် တယ် လို့ လည်း တွက်ဆ နေကြ ပါတယ်။
ဒါပေမယ့် မစ္စတာ ဆန်တိုရမ် ရဲ့ သူ့ကို မဲ ထည့်ဖို့ ကမ်ပိန်း လှုပ်ရှားမှု က အရှိန်အဟုန် ပိုရ နေတာလည်း တွေ့ရပါတယ်။
နောက်ထပ် ပြိုင်ဘက်တဦးဖြစ်တဲ့ တက္ကဆက် ပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်ခ ပယ်ရီ က မဲဆန္ဒ ၁၀ ရာခိုင်နှုန်း ပဲ ရတဲ့ အတွက် သူ ကိုယ်စားလှယ် အဖြစ် ဆက်ပြိုင် မပြိုင် ပြန် စဉ်းစား တော့မယ် လို့ ဆိုပါတယ်။




