စပိန်နဲ့ ဆလိုဗေး နီးယား စီးပွားရေး အရေးပေါ် ဖြေရှင်း ဖို့လို

Spanish Central Bank in Madrid
ဓာတ်ပုံ ပုံစာ, မဒရစ် မြို့တော်က စပိန် နိုင်ငံ ဗဟိုဘဏ်

ဥရောပ သမဂ္ဂ အဖွဲ့ဝင် စပိန် နဲ့ ဆလိုဗေးနီးယား နိုင်ငံတို့ဟာ စီးပွားရေး အခက် အခဲ အကြီးအကျယ် ရင်ဆိုင်နေရပြီး အရေးပေါ် ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ် တယ်လို့ EU ဥရောပ သမဂ္ဂက သတိ ပေးလိုက် ပါတယ်။

EU ရဲ့ စီးပွားရေး ကြံ့ခိုင်မှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ စပိန် နိုင်ငံရဲ့ ကြွေးတွေ အများကြီး ထူပြောနေမှုနဲ့ အလုပ်လက်မဲ့ ဦးရေ ပိုများလာမှု တို့ကို ရွေးထုတ် ဖော်ပြထားပါတယ်။

စပိန်မှာ အသက် ၂၅ နှစ်အောက် လူငယ် တဝက်ကျော်ဟာ အလုပ်အကိုင် ရှာဖွေလို့ မရကြ ပါဘူး။

တချိန်တည်းမှာပဲ WTO ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ စည်း ကလည်း ဥရောပက ဘဏ္ဍာရေး ပြဿနာ တွေဟာ ကမ္ဘာ့ စီးပွားရေး တိုးတက်မှု အလားအလာတွေကို ထိခိုက် စေတယ်လို့ ထောက်ပြပါတယ်။

WTO က ကမ္ဘာ့ စီးပွားရေး တိုးတက်မှု အလား အလာကို ၄ ဒသမ ၅ ရာခိုင်နှုန်း ကနေ ၃ ဒသမ ၃ အထိ လျှော့ချ ခဲ့ပါတယ်။