ရခိုင် လယ်သမား သမဂ္ဂ ထူထောင်နိုင်ဖို့ နှီးနှော တိုင်ပင်နေ

rakhine_farmers_conference
ဓာတ်ပုံ ပုံစာ, စိုက်ပျိုးမြေ တွေ အသိမ်း အခံခဲ့ရဆုံး သော ဒေသ တွေထဲ ရခိုင် ပါဝင်။

ရခိုင်ပြည်နယ် မှာ တောင်သူ လယ်သမား တွေရဲ့ အကျိုးစီးပွားကို ကာကွယ်မယ့် သမဂ္ဂ တစ်ခု ပေါ်ပေါက် လာဖို့ အဓိက ရည်ရွယ်ချက် နဲ့ တောင်သူလယ်သမား အကြို ညီလာ ခံ တစ်ရပ်ကို မြေပုံမြို့ မှာ စက်တင် ဘာ ၂၅ ရက် တနင်္ဂနွေ နေ့က စလို့ ၃ ရက် ကြာ ပြုလုပ် နေပါတယ်။

မြေယာ သိမ်းဆည်း မှု တွေ အပါအဝင် တောင်သူ လယ်သမားတွေရဲ့ အကျိုးစီးပွား ကို ကာကွယ် နိုင်ဖို့ ရည်ရွယ် ကျင်းပ နေတာ ဖြစ်တယ်လို့ ဦးဆောင် ဆော်ဩ သူ တစ်ယောက် ဖြစ်တဲ့ ဒေသခံ လယ်သမား ဦးကျော်ဇံက ဆိုပါတယ်။

အခု ကျင်းပနေတဲ့ ညီလာခံ မှာ ရခိုင် ပြည်နယ် ၁၇ မြို့နယ် က ကိုယ်စားလှယ် တွေ သာမက၊ ချင်းပြည်နယ် ပလက်ဝ က သူတွေလည်း လာရောက် ပူးပေါင်း တက် ရောက် နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ဟာ လယ်ယာ လုပ်ငန်းကို အဓိက အားကိုးအားထား ပြုနေရတဲ့ ပြည်နယ်တစ်ခု ဖြစ်ပြီး၊ စိုက်ပျိုးမြေ တွေ အသိမ်း အခံခဲ့ရဆုံး သော ဒေသ တွေထဲ ပါဝင် တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သိမ်းဆည်း မြေယာ တချို့ကို အာဏာပိုင်တွေ ဘက်က ပြန်လည် စွန့်လွှတ် တာမျိုး ရှိပေမယ့်၊ မူလ ပိုင်ရှင် လယ်သမားတွေ လက်ထဲ ပြန်မရောက် ဖြစ်နေတဲ့ ပြဿနာ မျိုးတွေ လည်း ရှိနေပါတယ်။