ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် အမည်စာရင်းထွက်ပေါ်

သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံထားရတဲ့ ဦးထင်ကျော် က ခန့်အပ်မယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ အမည်စာရင်း ကို မတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီက တိုင်း ဒေသ ကြီးလွှတ်တော် ဥက္ကဋ္ဌတွေ က စာအိတ်တွေ ကိုညွန်ကြားချက် အတိုင်း ဖွင့်ဖောက်ခဲ့ပါတယ်။
သမ္မတ ဦးထင်ကျော် ပို့လိုက်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်လောင်း တွေစာရင်း မှာ တနင်္သာရီ တိုင်းနဲ့ ကရင်ပြည်နယ်မှာ အမျိုးသမီး ဝန်ကြီးချုပ် ၂ ဦး တာဝန် ထမ်းဆောင်မှာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ချင်းပြည်နယ် နဲ့ ကယားပြည်နယ်တွေမှာ အရင်က ခန့်မှန်း ခဲ့ဖူးခြင်း မရှိတဲ့ သူတွေ ပါဝင်လာတာတွေ့ ရပါတယ်။
မတ်လ ၂၇ ရက်နေ့ ညနေ၃ နာရီ က ဖွင့်ဖောက်ခဲ့တဲ့ တိုင်း နဲပြည်နယ် ၁၄ ခု က ဝန်ကြီးချုပ် စာရင်း ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိ
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်
စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲလဲ့မော်
ပဲခူး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း
မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို
မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု
ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်
ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီ တို့ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်တို့မှာ တိုင်းရင်းသား ပါတီ တွေက ဝန်ကြီးချုပ် နေရာ တွေ တောင်းဆိုတာရှိ ပေမယ့် အမျိုးသားဒီ မိုကရေစီအဖွဲချုပ်က တင်မြှောက်တဲ့ အစိုး ရဟာ NLD ပါတီ ဝင်တွေ ကိုပဲ ဝန်ကြီးချုပ်နေရာတွေ ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလို ခန့်အပ်တာ ဟာ ပါတီရဲ့ မူဝါဒ နဲ့ မဟာဗျူဟာ ကြောင့် ဖြစ်ပြီး အခြေခံ ဥပဒေ နဲ့ အညီ ဖြစ်တယ်လို့ ရှမ်းပြည်နယ် မှာ ဝန်ကြီးချုပ်အဖြစ် လျာထား ခံရတဲ့ ဒေါက်တာ လင်းထွဋ် က ပြောပါတယ်။
တိုင်းဒေသ ကြီး ၁၄ ခုထဲက ရှမ်းပြည်နယ်နဲ့ ရခိုင် ပြည်နယ် က လွဲ ပြီး ကျန်တဲ့ ပြည်နယ် နဲ့ တိုင်း ၁၂ ခု က လွှက်တော်တွေ ဥက္ကဋ္ဌ တွေကလည်း အမျိုးသား ဒီ မိုကရေစီအဖွဲ့ချုပ် ပါတီကပဲ ဖြစ်ပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ လျာထား ခံရတဲ့ ဝန်ကြီးချုပ်လောင်းတွေအမည် ကို လွှတ်တော် ကိုတင်သွင်းပြီး အတည်ပြု ကြမှာ ဖြစ်ပါတယ်။
လွှတ်တော် တွေကနေ အတည်ပြုပြီးရင် ပြည်နယ်နဲ့ တိုင်း က ဝန်ကြီးချုပ်တွေ မတ်လ ၃၀ ရက်နေမှာ သမ္မတ ဖြစ်သူ ဦးထင်ကျော် နဲ တစ်ချိန်တည်း လွှတ်တော် တွေမှာ ကတိသစ္စာပြု ကျမ်းကျိန် ကြမှာ ဖြစ်ပါတယ်။








