ဒူဘိုင်း မြို့လယ် ဟိုတယ်ကြီး မီးလောင်နေ

ဓာတ်ပုံ ရင်းမြစ်, Reuters
အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံ UAE ရဲ့ အဓိက မြို့ကြီး ဖြစ်တဲ့ ဒူးဘိုင်း မြို့လယ်က ၆၃ ထပ် အမြင့် ရှိတဲ့ ဟိုတယ် ကြီး မီး အကြီးအကျယ် လောင် နေပါတယ်။
မီးလောင် နေတဲ့ ဟိုတယ် ကို Address Downtown ဟိုတယ် လို့ အသိများပြီး ကမ္ဘာ့ အမြင့်ဆုံး မိုးမျှော်တိုက်မြင့်ကြီး Burj Khalifa တည်ရှိရာ နဲ့လည်း နီးပါတယ်။
ဒူဘိုင်း မြို့လယ် နှစ်သစ်ကူး အကြို မီးရှုး မီးပန်း ဖောက်ပွဲ ကျင်းပ ကာနီး အချိန် မှာ အခုလို မီး လောင်ကျွမ်း ခဲ့တာ ဖြစ်ပါတယ်။
ဘယ်လို က စပြီး လောင်တယ် ဆိုတဲ့ အကြာင်းအရင်း ရှင်းရှင်း လင်းလင်း မသိရ သေးပေမယ့် လူတချို့ ဒဏ်ရာ အနည်းငယ်ရရုံသာ ရှိပြီး အသေအပျောက်တော့ မရှိဘူး လို့ အာဏာပိုင်တွေက ပြောပါတယ်။
နှစ်သစ်ကူး မီးရှုး မီးပန်း ဖောက်ပွဲ ကို စီစဉ် ထားတဲ့ အတိုင်း ဆက်လက် ကျင်းပ ခဲ့ကြပါတယ်။




