တအာင်းတပ် နဲ့ အစိုးရတပ် တိုက်ပွဲတွေဖြစ်

ဓာတ်ပုံ ရင်းမြစ်, AP
ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျောက်မဲနဲ့ ကွတ်ခိုင် မြို့နယ်တွေမှာ တအာင်း တပ်မတော် TNLA နဲ့ အစိုးရ စစ်တပ် တို့အကြားမှာ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပါတယ်။
ထိခိုက် ကျဆုံးမှု အနေနဲ့ တအာင်း တပ်မတော် ဘက်က တစ်ယောက်ကျဆုံး ခဲ့ပြီး အစိုးရတပ်ဘက်က အကျအဆုံးကိုတော့ သိရှိ နိုင်ဖို့ ဆက်သွယ် ခဲ့ပေမယ့် ဆက်သွယ်မှု မရရှိခဲ့ပါဘူး။
ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA အဖွဲ့က အစိုးရ စစ်တပ် ဘက်ကနေ ဝင်ရောက် တိုက်ခိုက် ပေးခဲ့ပြီး အကျအဆုံးတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
အစိုးရ စစ်တပ် တစ်ခုတည်း ပဲ တအာင်း နယ်မြေထဲကို ဝင်ရောက်ခဲ့တာ မဟုတ်ပဲ ရှမ်းပြည် တပ်မတော် ကပါ ဝင်ရောက် လာခဲ့တဲ့ အတွက်ကြောင့် တိုက်ပွဲတွေ ဒီထက်ပိုပြီး ပြင်းထန် လာမဲ့ သဘောရှိတယ်လို့ TNLA အထွေထွေ အတွင်းရေမှူး ဗိုလ်မှူးကြီး တာဖုန်းကျော်က ဘီဘီစီကို ပြောပါတယ်။
အခုလို တိုက်ပွဲများ ဖြစ်ပွားနေတဲ့ အခြေအနေ တွေကို ညီညွှတ်သော တိုင်းရင်းသားများ ဖယ်ဒရယ် ကောင်စီ UNFC ကို အသိပေးထားတယ်လို့လည်း ဆက်လက် ပြောကြားခဲ့ပါတယ်။




