တအာင်းဒေသမှာ မူးယစ် ယာမဆေးတွေ သိမ်းဆည်းမိ

ဓာတ်ပုံ ရင်းမြစ်, AP
တအောင်းဒေသ နမ့်ခမ်းမြို့နယ် နမ့်ဆရီး ကျေးရွာအုပ်စု ပန်စံကျေးရွာ အနီး နမ့်ခမ်းမြို့နဲ့ ၇ဖာလုံအကွာမှာ အောက်တိုဘာလ ၁၀ရက်နေ့က WY စာတမ်းပါ မူးယစ်ဆေးဝါး ယာမဆေးပြား တွေ သိမ်းဆည်း ရမိတယ်လို့ TNLA တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မူးယစ်ဆေးတွေနဲ့ အတူ ဖမ်းဆီးမိသူဟာ ပန်းဆေး ပြည်သူ့စစ် နယ်မြေစခန်းဘက် ကနေ ဆိုင်ကယ်နဲ့ ဆင်းလာတာလို့လည်း ဆိုပါတယ်။
တအောင်းဒေသမှာ မူးယစ်ဆေးဝါးတွေ မကြာခဏ ဖမ်းမိလေ့ ရှိပြီး အဲဒီ မူးယစ်ဆေး ထုတ်လုပ် ရောင်းချမှုတွေမှာ ပန်းဆေးနဲ့ ကွတ်ခိုင် ဒေသတွေမှာ ရှိတဲ့ ပြည်သူ့စစ်တွေ ပါဝင် ပတ်သက်မှုတွေ ရှိနေတယ်လို့ TNLA ဥက္ကဌ ဗိုလ်ချုပ် အိုက်ဘုန်းက ဘီဘီစီကို ပြောပါတယ်။
TNLA အဖွဲ့အနေနဲ့ကတော့ တအောင်းဒေသမှာ ၂၀၁၁ခုနှစ်ကတည်းကစလို့ ၇နှစ် စီမံကိန်းနဲ့ မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းတွေကို အဆင့်လိုက်ခွဲ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တနိုင်ငံလုံး အပစ်ရေး လက်မှတ်ရေးထိုးဖို့ အစိုးရက ကြိုးပမ်း နေပေမယ့် အစိုးရ တပ်ဖွဲ့တွေနဲ့ TNLA တပ်ဖွဲ့တွေကြားမှာတော့ အခုရက်ပိုင်းမှာ နေ့တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်နေပါတယ်။




