NCA လက်မှတ်ထိုးဖို့ရက်ကို သတ်မှတ်နိုင်ပြီ

ဓာတ်ပုံ ရင်းမြစ်, bbc burmese
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေအဓိက ပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ နဲ့ အစိုးရကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးဖို့ အောက်တိုဘာလ ၁၅ ရက်နေ့ ကိုသတ်မှတ်လိုက်ပါတယ်။
ဒီစာချုပ်ကို လပေါင်းများစွာ ညှိနှိုင်းခဲ့ကြရပြီး ဆွေးနွေးဖက် လက်နက်ကိုင်အဖွဲ ၁၇ ဖွဲ့ အနက် ၈ ဖွဲ့က လက်မှတ်ထိုးကြမှာပါ။
ကရင်အမျိုးသားအစည်းအရုံးအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ နဲ့ ကျောင်းသားတပ်မတော် ABSDF တို့ NCA လက်မှတ်ရေးထိုးကြမှာပါ။
ကချင်လွတ်မြောက်ရေး အဖွဲ့ မွန်ပြည်သစ်ပါတီ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကတော NCA လက်မှတ်ရေးထိုး မှာ မဟုတ်ဘူးလို့ သိရပါတယ်။
NCA လက်မှတ်ထိုး ပွဲကို နေပြည်တော်မှာ လုပ်ပါလိမ့်မယ်။




