ကြာအင်းဆိပ်ကြီး မဲဆန္ဒရှင်တချို့ မဲပေးခွင့် ဆုံးရှုံးမယ်

ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် က ကျေးရွာ တချို့မှာ သောင်းဂဏန်း ရှိတဲ့ မဲဆန္ဒ ရှင်တွေ အတွက် မဲစာရင်း လုပ်ခွင့် မရတော့ တာကြောင့် မဲပေးခွင့် ဆုံးရှုံး ရတော့မယ့် အခြေ အနေ ဖြစ်နေ ပါတယ်။
အကြောင်း ကတော့ ဒီကျေးရွာ တွေဟာ မွန်ပြည်သစ် ပါတီ ထိန်းချုပ် နယ်မြေတွေ ဖြစ်ပြီး၊ အဲဒီမှာ ကျေးရွာ အုပ်ချုပ်ရေး မှူး ခန့်ခွင့် မရတာ ကြောင့် လို့ ကရင် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးသော်တာငြိမ်းက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ခန့်ပြီး မှသာ ရပ်ကျေး ရွေးကောက်ပွဲ ကော်မရှင် ခန့်ရမှာ ဖြစ်ပြီး၊ ဒါမှသာ မဲစာရင်း ကောက်ယူ လို့ရမှာ ဖြစ်တယ်လို့ ဦးသော်တာငြိမ်း က ဆိုပါတယ်။
ကြာအင်းဆိပ်ကြီး အပြင် တခြား ကေအန်ယူ နယ်မြေ ရပ်ကျေး တချို့ မှာလည်း အခုလို ဖြစ်ရပ်တွေ ရှိပေမယ့် ကေအန်ယူ ကတော့ နောက်ပိုင်းမှာ ခွင့်ပြု ပေးခဲ့ တယ်လို့ ဆိုပါတယ်။
မွန်ပြည်သစ် ပါတီ ဒုတိယ ဥက္ကဌ နိုင်ဟံသာ ကတော့ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ဘာမှ ဝင်ရောက် တားမြစ် တာတွေ မလုပ် ဘူး လို့ ဘီဘီစီကို ပြောပါတယ်။
ဒါပေမယ့် သူတို့ ထိန်းချုပ် နယ်မြေမှာ ရပ်ကျေး အုပ်ချုပ်ရေးမှူး ခန့်ဖို့ ကတော့ အောက်ခြေ ပိုင်းက သဘောတူဖို့ မရှိနိုင် ဘူးလို့ ပြောပါ တယ်။
ရွေးကောက်ပွဲ အတွက် သီးသန့် ဆိုရင်တာ့ ဆောင်ရွက် ခွင့်ရမှာ ဖြစ်တယ်လို့လည်း နိုင်ဟံသာက ပြောကြား သွားခဲ့ ပါတယ်။




