လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းထွက်

ဓာတ်ပုံ ရင်းမြစ်, AP
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ မှာ ယှဉ်ပြိုင်ကြ မယ့် ကိုယ်စားလှယ်လောင်း စာရင်း ကို နိုင်ငံ အနှံ့ စတင် ထုတ်ပြန် နေပါပြီ။
ဒီထဲမှာ စာရင်း မထုတ်နိုင်သေးတဲ့ မဲဆန္ဒနယ် တွေလည်း ရှိနေပြီး ၃၇ နေရာ ရှိတယ် လို့ ရွေးကောက်ပွဲ ကော်မရှင်ရုံး က သုတေသနနဲ့ မှတ်တမ်း ညွှန်ကြားရေးမှူး ဦးသိန်းဦး က ပြောပါတယ်။
အမည်စာရင်း တွေကို သက်ဆိုင်ရာ တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲရုံး တွေမှာ ကပ်ထားမှာ ဖြစ်ပါတယ်။
တနိုင်ငံလုံး အနေ နဲ့ ကိုယ်စားလှယ် လောင်း ၆ဝဝဝ ကျော် ဝင်ပြိုင်ကြ မှာ ဖြစ်ပြီး မြန်မာ ရွေးကောက်ပွဲ သမိုင်းမှာ စံချိန်တင် အများဆုံး အရေအတွက် ဝင်ပြိုင်တာ ဖြစ်ပါတယ်။
ဒီထဲမှာ စည်းကမ်း သတ်မှတ်ချက် နဲ့ မညီလို့ အပယ်ခံရသူတွေ မပါဘဲ အတည်ပြု ထားသူ တွေသာ ပါမယ် လို့လည်း သိရပါတယ်။
ဒီလို ကိုယ်စားလှယ် လောင်း စာရင်းမှာ ပါလာမှသာ စက်တင်ဘာ ၈ ရက်ကစပြီး မဲဆွယ် စည်းရုံးမှု တွေ စနိုင်မှာ ဖြစ်ပါတယ်။
ဒီမတိုင်မီ စည်းရုံး မဲဆွယ် နေတာတွေ ရှိလို့ ကော်မရှင် ကို တိုင်ကြား လာရင် ရွေးကောက်ပွဲ ခုံရုံး က စစ်ဆေး ဆုံးဖြတ် ပေးနိုင်တယ် လို့ ဆိုပါတယ်။




