အနည်းဆုံး လုပ်ခ ကိစ္စ အငြင်းပွားနေဆဲ

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာနိုင်ငံမှာ အနည်းဆုံး လုပ်ခလစာ ၃၆၀၀ကျပ် သတ်မှတ်ဖို့ အနည်းဆုံး အခကြေးငွေ ဆိုင်ရာ အမျိုးသား အဆင့် ကော်မတီက အဆိုပြုထားပြီး ဒါကို သီတင်း နှစ်ပတ်အတွင်း အတည် သတ်မှတ်နိုင်ဖို့ ဆွေးနွေးနေကြရာမှာ အလုပ်ရှင် အလုပ်သမား ညှိနှိုင်းမရ ဖြစ်နေပါတယ်။
အဆိုပြုထားသလို တနေ့ လုပ်ခ ၃၆၀၀ မပေးနိုင်ဘူးလို့ အထည်ချုပ် လုပ်ငန်းရှင် တွေက ကန့်ကွက်ခဲ့သလို လျှပ်စစ်၊ စားသောက်ကုန်နဲ့ ဖိနပ် စက်ရုံတွေက လုပ်ငန်းရှင်တွေက မနေ့က ထပ်ကန့်ကွက်ခဲ့ကြပါတယ်။
လုပ်ခ ၃၆၀ဝ ကျပ် အစား ၂၅၀ဝကျပ် ပဲ ပေးဖို့ ဆန္ဒရှိနေပြီး ဒါကို ညှိလို့ မရဘူးဆိုရင် လုပ်ငန်းပိတ်သိမ်းတာတွေ လုပ်မယ်ဆိုပြီး စက်ရုံ အလုပ်ရှင်တွေက ပြောနေပါတယ်။
အလုပ်သမားတွေဘက်ကတော့ တနေ့လုပ်ခ ၃၆၀၀ကျပ် မရဘူးဆိုရင် တောင်းဆို ဆန္ဒပြမှုတွေ လုပ်မယ်လို့ ပြောနေပါတယ်။
ဒီလို အခြေအနေမှာ နှစ်ဦးနှစ်ဖက် ပြေလည်မှုရဖို့ အစိုးရက ကြားဝင် ဆောင်ရွက်ပေးဖို့ လိုတယ်လို့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (MTUF)က ပြောပါတယ်။




