မူဆယ် ၁ဝ၅ မိုင် စခန်း တိုက်ခိုက်ခံရ

china myanmar
ဓာတ်ပုံ ပုံစာ, တရုတ် မြန်မာ စီးပွားရေး မှာ အရေးပါတဲ့ ၁ဝ၅ မိုင် စခန်း

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် မြို့နယ် က ၁ဝ၅ မိုင် စခန်း မှာ စနေနေ့ ည ၁၁ နာရီ ကျော်က တိုက်ခိုက်မှု တချို့ ဖြစ်ပွား ခဲ့ပါတယ်။

တိုက်ခိုက်မှု လက်သည် ဘယ်သူ ဘယ်ဝါ မသိရ သေးပါဘူး။

ဒီဒေသ နားမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင် တွေ လည်း ရှိနေပါတယ် ။

အရင်က ဒီစခန်းမှာ မိုင်းခွဲ တိုက်ခိုက်မှု တချို့ ဖြစ်ခဲ့ဖူးပေမယ့် ဒီလို လက်နက်ကြီးနဲ့ တိုက်ခိုက် တာက ဒါပထမဆုံး လို့ ဒေသခံ တွေက ဆိုပါတယ်။

ဒီတိုက်ခိုက်မှု အတွင်း အမျိုး သမီး တယောက် လက်မောင်း ထိမှန်လို့ ဆေးရုံမှာ ခွဲစိတ် ခဲ့ရတယ်လို့ ၁ဝ၅ မိုင် စခန်းမှာ ရှိတဲ့ စီးပွားရေး လုပ်ကိုင် နေသူ တယောက်က ပြောပါတယ်။

၃ ကြိမ် လောက် ပစ်ခတ်သံ ကြားရပြီး ပြည်ပက တင်သွင်း လာတဲ့ ကားဂိုဒေါင် ထိမှန်လို့ ကားတချို့ ပျက်စီးတယ်၊ စားသောက်ဆိုင် တဆိုင် ကိုလည်း ထိမှန်တယ်လို့ သိရပါတယ်။

၁ဝ၅ မိုင် စခန်းမှာ စစ်တပ်ချ ထားတာ မရှိဘဲ ရှေ့တန်း ကင်းစခန်း ပဲ ရှိပါတယ်။

စစ်တပ်နဲ့ ရဲ စစ်ကြောင်း တွေနဲ့ ရှင်းလင်းရေး လုပ်နေတယ် လို့ သိရပါတယ်။