မူဆယ်ဗုံးကြောင့် ရဲအုပ် ၂ ဦးသေ

Muse

ဓာတ်ပုံ ရင်းမြစ်, Google Map

ဓာတ်ပုံ ပုံစာ, မူဆယ်မြို့ မြေပုံ

ရှမ်းပြည်နယ် မူဆယ်မြို့အနီး လုံခန်ကျေးရွာမှာ ဗုံးပေါက်ကွဲမှုဖြစ်လို့ ရဲအုပ် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

မနေ့ညနေစောင်းက ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ ဆွဲမိုင်းဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးတဲ့ ရဲအုပ် ၂ ဦးဟာ မူးယစ်အထူးတပ်ဖွဲ့က ဖြစ်ပါတယ်။ ရဲ တပ်ကြပ် ၃ ဦးလည်း ဒဏ်ရာရပြီး တစ်ဦးကတော့ စိုးရိမ်ရတယ်လို့ မူဆယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဘယ်သူ့လက်ချက် ကြောင့်ဆိုတာတော့ မသိရသေးပါဘူး။