မူဆယ် အထူးမူးယစ်ရဲအဖွဲ့ ဗုံးခွဲ တိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Google Map
မူဆယ် ၁၀၅ မိုင် ၊ တရုတ် နယ်စပ် ကုန်သွယ်ရေး ဇုံ အနီး က လုံခန် ကျေးရွာ မှာ အစိုးရ ရဲ့ မူးယစ် ရဲ အထူးတပ်ဖွဲ့ က စစ်ဆေးမှု တွေ လုပ်နေ တုန်း ဗုံးကွဲ ခဲ့တဲ့ အတွက် ရဲ အရာရှိ ၂ ဦး သေဆုံး ပြီး တခြား အဆင့် ၃ ဦး ဒဏ်ရာ ရ သွား ပါတယ်။
ဒဏ်ရာ အခြေအနေ ပြင်းထန် တဲ့ ရဲတပ်ကြပ် တစ်ဦး ကို တရုတ်ဘက် ခြမ်း ရွှေလီ မြို့ က ဆေးရုံ ကို ပို့ ထား ရပါတယ်။
မူးယစ် ရဲ အထူးတပ် ဖွဲ့ တွေ လာရောက် စစ်ဆေး တဲ့ နေရာ မှာ ကြံရွယ် ချက် ရှိရှိ ဗုံး ထောင် တိုက်ခိုက် ခဲ့တာ လို့ ယူဆ ထား တယ် ဆိုပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ စီမံကိန်း ဌာန က ဌာနမူး ရဲမှုး ကြီး ဇော်လင်းထွန်း က ဘီဘီစီ ကို ပြောပါတယ်။
ဘယ်သူ တွေ ရဲ့ လက်ချက် လဲ ဆိုတာ တော့ အတိတကျ မပြော နိုင် သေးဘူး လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ် အခုလို သင်္ကြန် ကာလ တဝိုက် မှာလည်း ဗုံးခွဲ တိုက်ခိုက် မှု ဖြစ်ပေါ် ခဲပြီး ရဲ တစ်ဦး ဒဏ်ရာ ရခဲ့ ပါတယ်။
လောလောဆယ် နှစ်တွေ အတွင်း မူဆယ် ဒေသ ဟာ မူးယစ် ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးမှု တွေ များလာပြီး ရာဇဝတ်မှု တွေ လည်း ထူပြော လာတယ် လို့ ဒေသခံ တွေ က ပြောနေ ပါတယ်။




