တနိုင်ငံလုံး အပစ်ရပ်သဘောတူမှုထဲ ပါ၀င်လိုကြောင်း ရခိုင်တပ် ပြော

တိုင်းရင်းသား ဒေသတွေ မှာ လက်ရှိ ဖြစ်ပေါ် နေ တဲ့ လက်နက်ကိုင် ပဋိပက္ခ တွေ ဟာ NCA လို့ ခေါ် တဲ့ တနိုင်ငံ လုံး အပစ်ရပ် သဘော တူ မှု လုပ်ကြမယ့် အထဲ တချို့ လူမျိုးစု တပ်တွေ ကို အစိုးရ က ပါဝင်ခွင့် မပေး လို့ ဖြစ်တယ် ဆိုပြီး ရခိုင်တပ်မတော် AA က ပြော လိုက် ပါတယ်။
ဒါ့ကြောင့် တနိုင်ငံလုံး အပစ်ရပ် စာချုပ် ချုပ် ဆိုကြ ရင် ပါ၀င်ခွင့် ပြုဖို့ ရခိုင် တပ်မတော် က တောင်းဆို လိုက် ကြောင်း AA စစ်ဦး စီးချုပ် ဗိုလ်မှုးကြီး မင်းထွန်း က ပြောပါတယ်။
AA အပါအဝင် နောက်မှ ဖြစ်ပေါ် လာတဲ့ လက်နက်ကိုင် အဖွဲ့ တွေ ကို NCA မှာ ပါဝင်ခွင့် မပြုနိုင် ဘူး လို့ အစိုးရ ဘက် က ပြောနေပြီး၊ AA က လည်း တိုင်းရင်းသား မဟာမိတ် တွေ နဲ့ အတူ ပါ၀င် ခွင့် ရဖို့ လှုံ့ဆော် စည်းရုံး နေသလို နိုင်ငံတကာ ကိုလည်း တင်ပြ နေတယ် လို့ ဗိုလ်မှုးကြီး မင်းထွန်း က ဆိုပါတယ်။
တနိုင်ငံလုံး အပစ်ရပ် စာချုပ် တကယ် လက်မှတ် ရေးထိုးကြ ဖို့ အလားအလာ အပေါ် အဓိက ထား ဆွေးနွေးမယ့် ဝဒေသ ပန်ဆိုင်း တိုင်းရင်းသား ညီလာခံ ကို AA အနေ နဲ့ တက် ရောက် မှာ ဖြစ်တယ် လို့ ဗိုလ်မှုးကြီး မင်းထွန်း က ပြောပါတယ်။
ကိုးကန့် ဒေသ စစ်ပွဲ တွေ ထဲ မှာ ကိုးကန့် တပ်တွေ နဲ့ အတူ AA ပါ ပါ၀င်တိုက် ခိုက် နေပြီး၊ အခု နောက်ပိုင်း ရခိုင် ပြည်နယ် ထဲ မှာလည်း အစိုးရ နဲ့ ထိတွေ့ မှု တွေ ဖြစ်လာ တဲ့ AA ရဲ့ တပ်အင်အား ဖြန့်ကျက် ခွဲဝေ ထားမှု အခြေ အနေ အသေးစိတ် ကို ဗိုလ်မှုးကြီး မင်းထွန်း က ဘီဘီစီ ကို ထုတ်ဖော် မပြောဆို ပေမယ့် သူတို့ မှာ စုစုပေါင်း အင်အား ၂၀၀၀ ဝန်းကျင် လောက် ရှိတယ် လို့ ဆိုပါတယ်။
ရခိုင် ပြည်နယ် တွင်း တိုက်ပွဲ တွေ လတ်တလော မှာ အေးဆေး သွားပေမယ့် ဖြစ်ပေါ် ခဲ့တဲ့ စစ်ပွဲ တွေ ကြောင့် မိမိတို့ ရဲ့ အိုးအိမ် တွေ ကို စွန့်ခွာ ထွက်ပြေး ရသူ စစ်ဘေးရှောင် ဒုက္ခ သည် ၅၀၀ နဲ့ ၁၀၀၀ ကြား လောက် ကျန် ခဲ့တယ် လို့ ဗိုလ်မှုးကြီး မင်းထွန်း က ဆိုပါတယ်။




