ပညာ​ရေး​ဥပဒေ ပြင်ဆင်​တဲ့ ဥပဒေ​မူ​ကြမ်း ကို အမျိုးသား​လွှတ်တော် အတ​ည်ပြု

_students_march_myanmar_education_law

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပညာရေး ဥပဒေ ပြင်ဆင်တဲ့ ဥပဒေ မူကြမ်း မှာ ကျောင်းသား တွေ တောင်းဆိုထား တဲ့ အချက် တွေ ချန်လှပ် ထားတယ် လို့ ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်း ကို အမျိုးသား လွှတ်တော် က မတ် ၂၆ ရက် ကြာသပတေး နေ့ မှာ အတည် ပြုလိုက် ပြီ ဖြစ်ပါတယ်။

အခု အတည် ပြုလိုက်တဲ့ အထဲမှာ ပညာရေး ဥပဒေ ကို ပြင်ဆင် ဖို့ တောင်းဆို လာခဲ့တဲ့ ကျောင်းသား တွေ ရဲ့ တင်ပြချက် ဖြစ်တဲ့ ပညာရေး အသုံးစားရိတ် ကို အစိုးရ ဘတ်ဂျက် ရဲ့ ၂၀ % ချပေး ဖို့ အချက် မပါဝင် တဲ့ အပြင် ကျောင်းသား တွေ က ပယ်ဖျက် ဖို့ ပြောခဲ့တဲ့ အမျိုးသား ပညာရေး ဦးဆောင် ကော်မတီ ဖွဲ့စည်းရေး ကို အရင် ဥပဒေ ထဲက လိုပဲ ထည့်သွင်း ထား တယ် လို့ အမျိုးသား လွှတ်တော် အမတ် တစ်ဦး ဖြစ်တဲ့ ဦး ဖုန်းမြင့် အောင် က ဘီဘီစီ ကို ပြောပါ တယ်။

ဆရာ နဲ့ ကျောင်းသား သမဂ္ဂ တွေ ဖွဲ့စည်း ရေး မှာလည်း သက်ဆိုင်ရာ တက္ကသိုလ် တွေ ရဲ့ ဖွဲ့စည်းပုံ ပဋိညာဉ် တွေ နဲ့ အညီ ဖွဲ့ရမယ် လို့ ဆို ထားပေမယ့် တက္ကသိုလ် တွေ ရဲ့ ပဋိညာဉ် ဆိုတာ မရှိသေးတဲ့ အခု အချိန် မှာ လက်ရှိ သမဂ္ဂ တွေ ဘာမှ တန်ဖိုး မရှိ တဲ့ အနေအထား မျိုး ရောက် သွား ရတယ် ဆိုပြီး တော့ လည်း ဦး ဖုန်းမြင့် အောင် က သုံးသပ်ပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်း တင်သွင်း စဉ် ကတည်း က ၄ ပွင့် ဆိုင် ဆွေးနွေးပွဲ ကနေ သဘောတူ ထားတဲ့ မူ မဟုတ်ပဲ အရင် ဥပဒေ ကိုပဲ အနည်းငယ် ပြောင်းလဲ ထားတာ ဖြစ်တယ် ဆိုတဲ့ ဝေဖန်သံ တွေ ထွက်ပေါ် ခဲ့ပါတယ်။