ပညာရေးဥပဒေသစ်အပေါ် အမြင်ကွဲလွဲမှုတွေ ရှိနေ

Students strike

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, ပညာရေး ဥပဒေသစ်ကို လွှတ်တော်က ၂၈ ရက် နောက်ဆုံးထား အတည်ပြုဖို့ ကျောင်းသားတွေ တောင်းဆို

အစိုးရ၊ လွှတ်တော်၊ ကျောင်းသားကိုယ်စားလှယ်နဲ့ NNER ခေါ် ပညာရေး စနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက်တို့ သဘောတူထားတဲ ပညာ ရေး ဥပဒေကြမ်းကို မကြာခင် ဆွေးနွေးဖို့ရှိနေပါတယ်။

ဒီဥပဒေကြမ်းမှာ မှာပါတဲ့ ဘာသာရေး ကျောင်းတွေ လွတ်လပ်စွာ ဖွင့်ခွင့်ပေးဖို့ ကိစ္စနဲ့ ပတ်သက်လို့ ပြည်တွင်း ဘာသာရေးအဖွဲ့ စည်းတွေက ထောက်ပြ လာတာတွေလည်း ရှိနေ ပါတယ်။

ဒီဥပဒေကြမ်းကို အစိုးရက အများပြည်သူ သိအောင် သတင်းစာတွေမှာ ထုတ်ပြန်လိုက်အပြီး ဥပဒေမှာ ပါတဲ့ ဘာသာရေး ကျောင်းတွေနဲ ပတ်သက်လို့ အမျိုး ဘာသာ စောင့်ရှောက်ရေး အဖွဲ့က NNER နဲ့ သဘောမတူတာတွေ ရှိလာ ပါတယ်။

အမျိုးသားပညာရေး ဥပဒေ ရေးဆွဲမှုမှာ ပါဝင်တဲ့ ပြည်သူ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီ ကတော့ ကွဲလွဲနိုင်တဲ့ အခြေ အနေတွေ ရှိတာ တွေ့ရကြောင်းနဲ့ ကွဲလွဲမှု တစုံတရာ ရှိခဲ့ရင် ရိုးသားတဲ့ ကွဲလွဲမှု ဖြစ်ဖို့ပဲ အရေးကြီးတယ်လို့ ပြောပါတယ်။

ကျောင်းသားတွေ ဘက်က ဒီဥပဒေကြမ်းကို လာမယ့် ဖေဖော်ဝါရီလ ၂၈ရက် နောက်ဆုံးထား ဆွေးနွေးဖို့ တောင်းဆို ထားပါတယ်။

အစိုးရ ကျောင်းတစ်ချို့ မှာတော့ ဒီဆန္ဒပြပွဲ တွေကိုကန့်ကွက်ပြီး အေးချမ်းစွာ ပညာသင်လို တယ်ဆိုတဲ့ ဆွေးနွေးပွဲ တွေလုပ်တာတွေ့ရပါတယ်။

ဒါအပြင် အစိုးရဘက်က ဥပဒေကြမ်းနှစ်ခု ကိုယှဉ်ပြီး ပညာရေး ဝန်ထမ်းတွေရဲ့ ထောက်ခံမှု ရယူနေ သလို ဘာသာရေး ကျောင်းကိစ္စ ထောက်ပြတာကို အစိုးရပိုင် သတင်းစာ တွေက ဖော်ပြနေတာကြောင့် အစိုးရက တစ်ဖက်လှည့်နဲ့ ပြန်တိုက်နေတယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။