လက်ပံတောင်း ပစ်ခတ်မှု တိုင်ချက်ဖွင့်

ဓာတ်ပုံ ရင်းမြစ်, AP
လက်ပံတောင်းမှာ လုံခြုံရေးအဖွဲ့ရဲ့ ပစ်ခတ်မှု ကြောင့် အသက် သေဆုံးခဲ့ရသူ ဒေါ်ခင်ဝင်း အတွက် FIR ရီပို့ လို့ ခေါ်တဲ့ ပထမ သတင်းပေး တိုင်ချက် ဖွင့်လှစ် တိုင်ကြား ခဲ့ပါတယ်။
လူသတ်မှု အဖြစ် သတင်းပေး တိုင်ချက် ဖွင့်လှစ်ဖို့ သေဆုံးသူရဲ့ ဆွေမျိုး တွေရဲ့ အကူအညီ တောင်းခံချက် အရ အမှု ဖွင့်လှစ် တိုင်ကြား ခဲ့တာ ဖြစ်ပါတယ်။
ရဲက အမှုဖွင့် တိုင်ကြားချက် ကို လက်ခံ ထားခဲ့ပေမယ့် အမှုဖွင့်မဖွင့် ကိုတော့ အထက် ညွှန်ကြားချက် ရယူပြီးမှ အကြောင်းပြန်မယ် လို့ဆိုပါတယ်။
ဒေါ်ခင်ဝင်းဟာ လျော်ကြေး ယူမထား ရသေးတဲ့ သူပိုင်မြေ ၇ ဧကကို ဦးပိုင်၊ ဝမ်ပေါင် ကြေးနီ စီမံကိန်း က လာရောက် ခြံစည်းရိုး ခတ် တဲ့အတွက် တခြားသူ့လို တောင်သူတွေ နဲ့အတူ ဆန့်ကျင် ကန့်ကွက်ရာ ကနေ ရဲက ပစ်ခတ် နှိမ်နင်းလို့ ကျည်ဆံထိမှန် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
လက်ပံတောင်း ဟာ မြန်မာနိုင်ငံမှာ အချိန်အကြာမြင့်ဆုံး ဖြစ်ပွားနေတဲ့ တောင်သူ လယ်သမား ပဋိပက္ခ တခုလည်း ဖြစ်ပါတယ်။




