ကော့တောင်ကျွန်း လူသတ်မှု ဗြိတိန် အစိုးရ စုံစမ်းဖို့ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, epa
ထိုင်းနိုင်ငံ တောင်ပိုင်း ကော့တောင်ကျွန်း လူသတ်မှုကို သီးခြား စုံစမ်း စစ်ဆေးပေးဖို့ ဗြိတိသျှ အစိုးရကို ဗြိတိန်နဲ့ ထိုင်းနိုင်ငံက ပြည်သူတွေအပါအဝင် ကမ္ဘာတဝှမ်းက တောင်းဆိုထားတဲ့ လက်မှတ် တသိန်းကို နိုင်ငံရေး လှုပ်ရှားသူ မြန်မာတွေ ဦးဆောင်ပြီး ဒီကနေ့မှာ နံပတ် ၁၀ ဒေါင်းနင်းလမ်းမှာရှိတဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ရုံးကို သွားရောက် ပေးအပ်ခဲ့ကြပါတယ်။
ကော့တောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းရဲတွေရဲ့ စုံစမ်း စစ်ဆေးမှုတွေဟာ တိကျ ခိုင်မာမှု မရှိဘူးလို့ အများက ယူဆနေကြတဲ့အတွက် သီးခြား စုံစမ်း စစ်ဆေးပေးဖို့ ဗြိတိသျှ အစိုးရကို online ကနေ အခုလို လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတာပါ။
လက်မှတ်တွေ ပေးအပ်အပြီးမှာ ဗြိတိန် နိုင်ငံခြားရေး ရုံးရှေ့မှာလည်း ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ကော့တောင်ကျွန်း လူသတ်မှုကို ထိုင်းရဲတွေက တရားရုံးထံ တင်ပြခဲ့ရာမှာ တရားစွဲဖို့ အထိ လုံလောက်တဲ့ အချက် အလက် မပြည့် စုံဘူး ဆိုပြီး တရားရုံးက ပယ်ချခဲ့ပါတယ်။




