ကမ္ဘာ့ဘဏ် မူဝါဒကြမ်းတွေ သုံးသပ်

ဓာတ်ပုံ ရင်းမြစ်, world bank myanmar
ကမ္ဘာ့ဘဏ် အဖွဲ့ကြီးက သူတို့ ချမှတ်ဖို့ ပြင်ဆင် ထားတဲ့ မူဝါဒကြမ်းတွေနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံ ဝါရှင်တန် ဒီစီ မြို့တော်မှာ အောက်တိုဘာ ၁ဝ ရက် ကနေ ၁၂ ရက် အထိ သုံးသပ် ဆွေးနွေး နေကြပါတယ်။
ကမ္ဘာ့ဘဏ် ရဲ့ မူဝါဒ တွေဟာ လူ့အခွင့်အရေး တွေကို ကာကွယ်စောင့်ရှောက် တာမျိုး မရှိဘူး ဆိုပြီး လူ့အခွင့် အရေး အဖွဲ့တွေက ဝေဖန် ပြောဆို နေကြပါတယ်။
မြန်မာနိုင်ငံ မှာလည်း ကမ္ဘာ့ဘဏ်ရဲ့ ဖွံ့ဖြိုးရေး စီမံကိန်း တွေက ဒေသခံတွေအပေါ် အကျိုး သက်ရောက်မှု မရှိဘူးလို့ ထောက်ပြ ပြောဆို နေကြပါတယ်။
ကမ္ဘာ့ဘဏ်နဲ့ ဖွံ့ဖြိုးရေး စီမံကိန်း အများစုဟာ အစိုးရ ကတဆင့် ဝင်ရောက် လုပ်ကိုင် ကြတာမို့ ဒေသခံ တွေရဲ့ အမြင်နဲ့ ဆန္ဒတွေကို ထည့် စဉ်းစားတာ၊ အောက်ခြေ ပြဿနာ တွေ လက်တွေ့ ဖြေရှင်း ဆောင်ရွက် နိုင်တာ အားနည်းတယ်လို့ အဲဒီ အစည်းအဝေးကို တက်ရောက် နေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် ကချင် အမျိုးသမီး အစည်းအရုံး က မမွန်းနေလီက ပြောပါတယ်။
မြန်မာ နိုင်ငံမှာ တိုင်းရင်းသား အခွင့်အရေး တန်းတူ ညီမှု မရှိလို့ ပြည်တွင်းစစ် ဖြစ်နေတာ ကို မဖြေရှင်းနိုင်ခင် အစိုးရနဲ့ ညှိနှိုင်းပြီး ဖွံ့ဖြိုးရေး တွေ လုပ်တာဟာ ပြဿနာ တွေ ပိုဆိုးစေတယ် လို့ သူက ပြောပါတယ်။
လက်ရှိ ကမ္ဘာ့ ဘဏ်က ချမှတ် ထားတဲ့ မူကြမ်း တွေမှာလည်း မြန်မာ နိုင်ငံ လူ့ အခွင့် အရေး ကိစ္စတွေကို ထည့်သွင်း ရေးဆွဲတာ မတွေ့ရဘူးလို့ မွန်းနေလီ က ပြောကြား ခဲ့ပါတယ်။




