အိုဘားမား မြန်မာကို နိုဝင်ဘာ လာမယ်

ဓာတ်ပုံ ရင်းမြစ်,
အမေရိကန် သမ္မတ အိုဘားမား အရှေ့အာရှ ထိပ်သီး စည်းဝေးပွဲ တက်ဖို့ မြန်မာ နိုင်ငံကို နိုဝင်ဘာလ မှာ လာရောက်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောကြား ခဲ့ပါတယ် ။
နိုဝင်ဘာ ဒုတိယပတ်မှာ လုပ်မယ့် အေပက် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ ထိပ်သီး ညီလာခံ အတွက် ဘေဂျင်းမြို့ကို အရင် ရောက်ရှိမှာ ဖြစ်ပြီး အဲဒိကမှ မြန်မာပြည် လာမယ် ၊ ပြီးရင် ဂျီ ၂ဝ ထိပ်သီး စည်းဝေးပွဲ အတွက် သြစတြေးလျ ကို သွားဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန အဆင့်မြင့် အရာရှိ ရောဘတ် ဝမ်က ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။
ဒါဟာ အိုဘားမားရဲ့ ၂ နှစ် အတွင်း ဒုတိယ အကြိမ် မြန်မာပြည် ခရီးစဉ် ဖြစ်ပြီး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာ ပြည်က ဒေသတွင်း အစည်းအဝေးတွေကို လက်ခံ ကျင်းပပေးနေတာ ဖြစ် ပါတယ်။




