မွတ်ဆလင် ဒုက္ခသည် စခန်းက လူတရာ ထွက်ပြေးခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters
ရခိုင် ပြည်နယ် မြေပုံမြို့ မွတ်ဆလင် ဒုက္ခသည် စခန်းက လှေနဲ့ ထွက်ပြေး ကြတဲ့ လူ ၁၂ဝ ကို မြန်မာ ရေတပ်က ဖမ်းပြီး သူတို့ မူလ ဒုက္ခသည် စခန်းကို ပြန်ပို့ လိုက်တယ်လို့ သိရပါတယ်။
အင်္ဂါနေ့ ည ၁၁ နာရီ က မြေပုံ တောင်ပေါ် မူဆလင် ဒုက္ခသည် စခန်းက လူတွေ စက်လှေ တစီးနဲ့ ပေါက်တော မြို့နယ် ကို ထွက်ပြေး ရာမှာ တောင်ဖူး ရေတပ် စခန်းက ဖမ်းဆီး ခဲ့ပါတယ်။
အဲဒီလူတွေကို ဖမ်းဆီးပြီး ရေတပ် ကနေ ပေါက်တော ရဲစခန်းကို လွှဲပေး ခဲ့ပါတယ်။
အထက် တာဝန်ရှိသူတွေ ညွှန်ကြားချက် အရ သူတို့ မူလ နေထိုင်ရာ ဒုက္ခသည်စခန်းကို ပြန်ပို့ခဲ့တယ်လို့ ပေါက်တော ရဲစခန်း တာဝန်ကျ အရာရှိ က ပြောပါတယ်။
အခု ထွက်ပြေး လာသူတွေ ထဲမှာ လူကြီး ၆၆ ဦး၊ အမျိုးသမီး ၂ဝ နဲ့ ကလေး ၃၄ ဦး ပါပါတယ်။
သူတို့ကို ပေါက်တော မြို့နယ် ပြိုင်းတောင် အုပ်စု ချောင်းဝ ကုန်တန်း မွတ်ဆလင်ရွာက ရွာသား (၅) ဦးက ပေါက်တော မြို့နယ် ဆင်တက်မော် ဒုက္ခသည် စခန်းမှာ နေဖို့ စက်လှေနဲ့ သွားခေါ်တာလို့ ဆိုပါတယ်။
မြေပုံ မွတ်ဆလင် ဒုက္ခသည် စခန်းကို ဖုန်းနဲ့ ဆက်သွယ် ပေမယ့် အဆက်အသွယ် မရရှိလို့ ထွက်ပြေးရတဲ့ အကြောင်းရင်း ကို မေးမြန်း တင်ပြ နိုင်ခြင်း မရှိပါ။
အခု ထွက်ပြေး လာတဲ့ မြေပုံ မွတ်ဆလင် ဒုက္ခသည် စခန်းက နိုင်ငံသား လျှောက်ထားသူ တွေကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု အက်ဥပဒေနဲ့ စိစစ်နေပါတယ်။








