PR စနစ်ကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာနိုင်ငံမှာ လာမယ့် ရွေးကောက်ပွဲမှာ PR အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် ကျင့်သုံးဖို့ ပြည်သူ့ လွှတ်တော် ထဲ မှာ ဆွေးနွေး နေကြပါပြီ။
PR စနစ်ကို အမျိုးသား လွှတ်တော် မှာ အတည်ပြုပြီး ဖြစ်လို့ ပုံစံ ရေးဆွဲနေပြီ ဖြစ်ပါတယ်။
PR စနစ်ကို လွှတ်တော် ကိုယ်စားလှယ် ၄၇ ဦး တို့က ဆွေးနွေးမှာ ဖြစ်ပြီး ဒါဟာ ပြည်သူ့ လွှတ်တော် သမိုင်း မှာ လယ်ယာမြေ အငြင်းပွားမှု ပြဿနာ ပြီးရင် ဆွေးနွေးမှု အများဆုံး ကိစ္စရပ် ဖြစ်ပါတယ်။
ဒီအဆိုကို တင်သွင်းခဲ့သူ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က PR စနစ်ကို တိုင်းဒေသကြီးတွေမှာ စတင် ကျင့်သုံးဖို့ ရှိပြီး ပြည်နယ်တွေမှာတော့ ပထဝီ အနေအထားအရရော၊ လူဦးရေ အစိပ်အကျဲ၊ မျိုးနွယ်စု အခြေခံ အကြောင်းတရားတွေ အရ PR စနစ်ကို ကျင့်သုံးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အခြေခံ ဥပဒေ အကြောင်း ဆောင်းပါးတွေ ရေးသားနေသူ ဗဟို တရားရုံး ရှေ့နေကြီး ဦးအုံးလှိုင် ကတော့ PR စနစ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေကြောင်းနဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ PR စနစ်ကို ကျင့်သုံးနိုင်မှာ မဟုတ်ကြောင်း ပြောပါတယ်။
အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာလည်း PR စနစ်နဲ့ ပတ်သက်လို့ ပြည်သူ့ လွှတ်တော် ထဲ မှာ ကျန်ရှိတဲ့ ကိုယ်စားလှယ်တွေ ထပ်မံ ဆွေးနွေးဖို့ ရှိပါတယ်။




