NCCT လိုင်ဇာ ဆွေးနွေးပွဲ

ncct

ဓာတ်ပုံ ရင်းမြစ်, Nyo Ohn Myint MPC

ဓာတ်ပုံ ပုံစာ, ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်း အဖြေရှာ

NCCT တိုင်းရင်းသား လက်နက်ကိုင် တွေရဲ့ အပစ်ရပ် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့နဲ့ တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင် တွေ ဆွေးနွေးပွဲ ဒုတိယ ရက်မှာ ဘုံသဘောတူညီ ချက် ထုတ်ပြန်ရေး အတွက် အခန်းလိုက် စကားလုံး အသုံးအနှုန်းက စပြီး ဆွေးနွေး နေကြပါတယ်။

တိုင်းရင်းသား အဖွဲ့တွေကြား သဘော ကွဲလွဲ မှုက အဓိက မဟုတ်ဘဲ အစိုးရ ဘက်နဲ့ ညှိနှိုင်း ရာမှာ တညီတညာ တည်း ဖြစ်ဖို့ အဓိက ညှိနှိုင်း ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ပအိုးဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့က ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဘယ်စကားလုံး တွေကို ညှိနေတယ် ဆိုတာ အတိအကျ မပြောပေမယ့် တော်လှန်ရေး လက်နက်ကိုင်၊ ဖက်ဒရယ် စတဲ့ စကားလုံး တွေ အတွက် ညှိနှိုင်း နေကြတယ် ဆိုတဲ့ ရေးသားမှု တွေ တွေ့နေရပါတယ်။

ဇူလိုင် ၃ဝ ရက် နေ့ထိ ဆွေးနွေးပွဲမှာ ဘုံသဘောတူညီချက် ရအောင် ဆွေးနွေး ကြမှာ ဖြစ်ပြီး ဒီဆွေးနွေးပွဲ ရလဒ် တွေကို မြန်မာ ငြိမ်းချမ်းရေး စင်တာ ဘက်နဲ့ ဆက်ပြီး ညှိနှိုင်း ဆွေးနွေး သွားမယ်လို့ သိရပါတယ်။