NCCT နဲ့ အစိုးရငြိမ်းချမ်းရေး အဖွဲ့ တွေ့မယ်

ဧပြီလဆန်း ဆွေးနွေးပွဲတုန်းကတော့ ညှိနှိုင်းလို့ မရပဲ အထစ်အငေါ့တွေ ရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, Nyo Ohn Myint MPC

ဓာတ်ပုံ ပုံစာ, ဧပြီလဆန်း ဆွေးနွေးပွဲတုန်းကတော့ ညှိနှိုင်းလို့ မရပဲ အထစ်အငေါ့တွေ ရှိခဲ့

တိုင်းရင်းသား အများစုကို ကိုယ်စားပြုတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့ တနိုင်ငံလုံး အပစ်ရပ်ရေး နှစ်ဘက် သဘောတူနိုင်မယ့် မူကြမ်းတွေကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ရန်ကုန် ငြိမ်းချမ်းရေး စင်တာမှာ ထပ်မံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အရင် ဧပြီ လဆန်း ပိုင်းက ဆွေးနွေးတုန်း ကတော့ ကာကွယ်ရေး ဦးစီးချုပ်က ချမှတ် ပေးလိုက်တဲ့ အချက် ၆ ချက်ထဲက တချို့ အချက်တွေကို တိုင်းရင်းသားတွေ ဘက်က သဘော မတူနိုင်တဲ့ အတွက် ရှေ့ဆက် မဆွေးနွေးနိုင်ပဲ ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မူ ၆ချက်ဟာ တရားသေ ကိုင်ထားတဲ့ မူတွေ မဟုတ်ဘူးလို့ တဘက်က ပြောလာတဲ့အတွက် ဒီတကြိမ် ဆွေးနွေးပွဲမှာတော့ စေ့စပ် ညှိနှိုင်း နိုင်မယ်လို့ မျှော်လင့်ထားကြောင်း NCCTမှာ ပါတဲ့ ချင်းအမျိုးသား တပ်ဦး လက်ထောက် အတွင်းရေးမှူးချုပ် ဒေါက်တာ ရွှေခါးက ဘီဘီစီကို ပြောပါတယ်။