ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်

ဓာတ်ပုံ ရင်းမြစ်, citizen of Burma award
အမေရိကန်နဲ့ နိုင်ငံတကာ ရောက် မြန်မာတွေ စုပေါင်း တည်ထောင် ပြီး မြန်မာ ပြည်တွင်းမှာ လူမှုရေး လုပ်ငန်း ဆောင်ရွက်သူ တွေ ထဲက ထူးကဲစွာ ဆောင်ရွက် နိုင်သူ တွေ ကို ပြည်သူ့ ဂုဏ်ရည် ဆု ချီးမြှင့် လာ တာ ၅ နှစ် တိုင်လာ ပါပြီ။
ဒီ ၂ဝ၁၄ အတွက် ပြည်သူ့ဂုဏ်ရည် ဆု ကို နာရေးကူညီမှု အသင်း ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် က ရရှိပါတယ်။
ဒီနှစ် ဖလော်ရီဒါ ပြည်နယ်မှာ ပန်းဘိချ် မြို့မှာ ပေးတဲ့ ဆုပေးပွဲမှာ အထူးဆု ၃ ဆု ပေးအပ် ခဲ့ပါ သေးတယ်။
အမုန်းစကား တားဆီးရေး ပန်းစကား လှုပ်ရှားမှု၊ တနိုင်တပိုင် ပရဟိတ စုပေါင်း လှူဒါန်းမှုကို အားပေးတဲ့ One More အစီအစဉ် နဲ့ တကိုယ်တော် ပရဟိတ သမားများ ကွန်ရက် က မခင်နှင်းကြည်သာ တို့ ရရှိပါတယ်။
မခင်နှင်းကြည်သာ ရဲ့ လူမှုရေး ဆောင်ရွက်ချက် တွေ က မြိုင်ဘက် က ရွာတွေ မှာပါ။
မခင်နှင်းကြည်သာ အနေနဲ့ ပြည်သူ့ဂုဏ်ရည် က အထူးဆု အဖြစ် ဒေါ်လာ ၁ဝဝဝ ချီးမြှင့် ခံရ မယ်လို့လည်း သိရပါတယ်။




