ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ကြား ပြဿနာ လျှော့ချနိုင်

ကေအိုင်အို နဲ့ MPC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ တို့အကြား မြစ်ကြီးနားမှာ ပြုလုပ်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲကနေ ပဋိပက္ခညှိ နှိုင်းဖြေရှင်းရေး အဖွဲ့ကို ဖွဲ့စည်းရန် သဘောတူခဲ့ ကြပါတယ်။
အဲဒီအဖွဲ့ထဲမှာ သက်ဆိုင်ရာ နယ်မြေရှိတပ်ဖွဲ့ ပြည်နယ်အစိုးရ အဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေလည်း ပါဝင်မယ်လို့ MPC မှအထူး အကြံပေးပုဂ္ဂိုလ် ဉီးလှမောင်ရွှေက ဘီဘီစီကို ပြောပါတယ်။
ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေမှူးချုပ်ရဲ့ မြန်မာနိုင်ငံ အထူး အကြံပေးရုံးမှ ကိုယ်စားလှယ်၊ တရုတ်နိုင်ငံမှ အာရှေရေးရာ အထူးသံတမန် အဖွဲ့မှကိုယ်စားလှယ်နဲ့ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ ကိုယ်စားလှယ်တွေ တက်ရောက် ကြပါတယ်။
အဲဒီကိုယ်စားလှယ်တွေဟာ လေ့လာ အကဲခတ်သူတွေ အဖြစ် တက်ရောက်ကြပြီး အကြံပြု စရာရှိရင် သီးခြား အကြံပြုလို့ ရကြောင်း သိရပါတယ်။
ကေအိုင်အိုမှ ဖမ်းဆီးထားတဲ့ အရပ်သား ၅၀ကိုလည်း မကြာမီပြန်လွတ် လာနိုင်တယ်လို့ ဉီးလှမောင်ရွှေက ပြောသွားပါတယ်။




