သံဃာ့ နာယကနဲ့ မဘသ တွေ့

နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့က ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်နဲ့ ဆရာတော်များက အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က သံဃာ ၂၂ ပါးကို မကြာခင်က ရန်ကုန်မှာ တွေ့ဆုံပြီးတော့ သြဝါဒ ပေးခဲ့ပါတယ်။
တိုင်းပြည်နဲ့ ချီတဲ့ ကိစ္စ တွေမှာ နှစ်ဘက် အထင်မြင် လွဲတာတွေ မဖြစ်အောင် မဘသက သံဃာ့ နာယက ကို တင်ကြို အကြောင်းကြားဖို့ ခေါ်ယူ ပြောကြားတာ ဖြစ်ကြောင်း မဘသအဖွဲ့၀င် ဒဂုံမြို့သစ် အရှေ့ပိုင်း မကွေး ပရိယတ္တိ စာသင်တိုက် နာယက ဦးပါမောက္ခက ဘီဘီစီကို အမိန့်ရှိ ပါတယ်။
မျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေးမှာ အစိုးရ၊ သံဃာ့ နာယက တွေနဲ့ ပြေလည်မှု ရဖို့ လိုတယ်လို့လည်း သူက မိန့်ပါတယ်။
မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး ကိစ္စကို သံဃာ့ နာယကနဲ့ သာသနာရေး ဝန်ကြီး တို့က သဘောတူ ကြိုဆို ခဲ့တယ်လို့လည်း ဦးပါမောက္ခက မိန့်ကြား ခဲ့ပါတယ်။




