မျိုးစောင့် ဥပဒေတွေရေးဆွဲမှု ၉၇ ဖွဲ့ ကန့်ကွက်

President of Burma, U THein Sein

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သမ္မတ ဦးသိန်းစိန်က ဥပဒေကြမ်း နှစ်ရပ် ရေးဆွဲဖို့ ကော်မရှင် တစ်ရပ်ကို မတ်လ ၇ ရက်က ဖွဲ့ပေးခဲ့

အစိုးရက ရေးဆွဲနေတဲ့ ကိုးကွယ်ရာ ကူးပြောင်းခြင်းနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေး ဆိုင်ရာ ဥပဒေ မူကြမ်းတွေ ပြင်ဆင်နေ တာ နဲ့ပတ်သက်ပြီး အမျိုးသမီး အဖွဲ့များနဲ့အရပ်ဘက် လူမှုအဖွဲ့အစည်း ၉၇ ဖွဲ့က ကန့်ကွက် လိုက်ကြပါတယ်။

ဒီကိစ္စဟာ ဘာသာရေးကို အခြေခံတဲ့ နိုင်ငံရေး လှုပ်ရှားမှု ဖြစ်တယ်၊ လက်ရှိအခြေအနေမှာ စဉ်းစားဖို့မသင့်သေးတဲ့ နိုင်ငံရေး အမြတ်ထုတ်မှု ဖြစ်တယ်လို့ ကန့်ကွက်တဲ့ အဖွဲ့တွေ ထဲမှာ ပါတဲ့ ရတနာ မေတ္တာ အဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေက ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ပြည်သူ တွေကို အာရုံလွှဲတာ ဖြစ်သလို နိုင်ငံတကာ လူအခွင့်အရေး စံချိန်တွေနဲ့ မကိုက်ညီဘူးလို့လည်း သူက ပြောပါတယ်။

ကန့်ကွက်ကြတဲ့ အဖွဲ့တွေထဲမှာ တိုင်းရင်းသား အမျိုးသမီးအဖွဲ့တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ အစည်း၊ ဘာသာပေါင်းစုံ နာရေး ကူညီမှုအသင်း၊ ရန်ကုန် နိုင်ငံရေး သိပ္ပံကျောင်း၊ ရတနာ့ မေတ္တာ အဖွဲ စတဲ့ လူသိများတဲ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ ပါဝင်ကြပါတယ်။

သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ရာ ကူးပြောင်းခြင်း ဆိုင်ရာနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေး ဆိုင်ရာ ဥပဒေကြမ်း တွေကို အဖွဲ့ဝင် ၂ဝ ပါတဲ့ ကော်မရှင် ဖွဲ့ပြီး ရေးဆွဲ နေရာမှာ အခုတော့ ပြီးစီးလု ဖြစ်နေပါပြီ။

ဒီဥပဒေကြမ်း တွေကို မေလ လယ်လောက်မှာ ပြည်သူတွေကို ချပြ ဖို့လည်း ရှိနေပါတယ်။

ဒီဥပဒေ နှစ်ရပ် ရေးဆွဲရာ မှာ ဘယ်ဘာသာဝင်တွေ ကိုမှ ရည်ရွယ် ရေးဆွဲတာ မဟုတ်ဘဲ ဘာသာ ကူးပြောင်းခြင်း ကိစ္စတွေ စနစ်တကျ ရှိဖို့ ရေးဆွဲတာလို့ ကော်မရှင် ဘက်က ပြောပါတယ်။