စစ်တပ်ထိုးစစ် ရပ်ဖို့ ဖက်ဒရယ်ကောင်စီ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, AFP
ကချင် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တွေမှာ ထိုးစစ်လုပ်နေတာ ကို အပြင်းအထန် ကန့်ကွက်တယ် လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြောပါတယ်။
အစိုးရ နဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေပြီး လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ ၁၇ ဖွဲ့ ပါဝင်တဲ့ UNFC ရဲ့ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ က ဒါတွေဟာ သူတို့ကို ဖိအားပေးတာ၊ ဒါမှမဟုတ် ရင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ ကိုနှောင့်ရှက်တာ လို့ ယူဆနိုင်တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။
မြန်မာအစိုးရမှာ တပ်မ ၉ ခု ရှိပြီး တပ်မ ၂ ခု ကို ကရင်နဲ့မွန် ပြည်နယ်များတွင် နောက်ချန်ထား က ကျန်တဲ့ တပ်မ ၇ ခုနဲ့ ကချင်နဲ့ ရှမ်းပြည်နယ် ဖက်တွေ ကိုထိုးစစ်ဆင်နေတာ လို့ UNFC ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောမတူသေးတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ၊ တအောင်း လွတ်မြောက်ရေးတပ် TNLA၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA (North)တို့ ရဲ့ ထိန်းချုပ်ရာ ဒေသတွေ ကို အစိုးရ စစ်တပ် က ထိုးစစ်ဆင်နေတာပါ။
အစိုးရ က တဖက်က ငြိမ်းချမ်းရေး ဆွေးနွေးမယ် ဆိုကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နဲ့ တွေ့ဆုံစကားပြောပေမယ့် တဖက်မှာ စစ်တပ် က အခုလို ထိုးစစ်ဆင်နေတာ ဟာ ရိုးသားမှု မရှိဘူးလို့ တိုင်းရင်းသား အဖွဲ့တွေက သုံးသပ်ကြပါတယ်။




