ဦးဝင်းတင် ဒုတိယ အကြိမ် ကျောက်ကပ်ဆေး

u_win_tin_

ဓာတ်ပုံ ရင်းမြစ်, zaw myo aung

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်း စုကြည်နဲ့ မင်းကိုနိုင် ရောက်လာ

ရန်ကုန် ဆေးရုံကြီးမှာ ဆေးကုသမှု ခံနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က သတင်းစာ ဆရာကြီး ဦးဝင်းတင် ဟာ ဒီကနေ့ နေ့ခင်းပိုင်း က ဒုတိယ အကြိမ် ကျောက်ကပ် ဆေးကြော ကုသမှု ခံယူ ခဲ့ပါတယ်။

၃နာ ရီ နီးပါး ကြာမြင့် ပြီး ညနေ ၅ နာရီ ကျော် မှ ပြီးပါတယ်။

ကျောက်ကပ် ဆေး နေစဉ် အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ဦးဝင်းတင်ကို တတိယ အကြိမ် လာရောက် အားပေး ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန် ဆေးရုံကြီး အတွင်း ပိုင်း က အထူး ကြပ်မတ် ကု သဆောင် ရှေ့ မှာတော့ ဦး ဝင်း တင် ရဲ့ ကျန်းမာရေး အခြေအနေ ကို စိုးရိမ် ကြီးစွာ နဲ့ လာရောက် နားထောင် နေကြတဲ့ နိုင်ငံ ရေး နယ် ပယ် စာပေ နယ် ပယ် က လူတွေ နဲ့ ပြည့်နှက် နေပါတယ်။

ဆရာ ကြီး ဦးဝင်း တင်မှာ ကျောက် ကပ် အပါ အဝင် အခြား ကိုယ်တွင်းအင်္ဂါ တွေမှာလည်း အားနည်းချက်တွေ ရှိ တာကြောင့် အထူး ကြပ်မတ် ကု သဆောင်မှာပဲ ထား ပြီး စောင့် ကြည့် နေပါ တယ်။

ကျောက် ကပ်ဆေးကျောမှု အပြီး ထွက်လာတဲ့ ရလဒ်တွေ ကိုဆက်လက် စစ်ဆေးပြီး ဘယ် လို ဆက်ကုသမယ် ဆိုတာ ဆရာဝန် ကြီးတွေ ဆုံးဖြတ် ကြ ဖို့ ရှိ နေပါတယ်။