ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းတင်ကို သတင်းမေး

ဂျာမနီနဲ့ ပြင်သစ် ခရီးစဉ်မှာ နိုင်ငံ ခေါင်းဆောင်တွေ၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ကြာသပတေးနေ့ မနက်မှာ မြန်မာ နိုင်ငံကို ပြန်လည် ရောက်ရှိ လာခဲ့ပါတယ်။
လူအတော် များများလည်း ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှာ သွားရောက် ကြိုဆို ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ဟာ ဥရောပ ခရီးစဉ်ကနေ ပြန်ရောက်တဲ့ နေ့မှာပဲ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ အန်အယ်ဒီ နာယက အဖွဲ့ဝင် ဆရာကြီး ဦးဝင်းတင်ကို သွားရောက် သတင်းမေးခဲ့ပါတယ်။
ကျောက်ကပ်ပိုင်း ချွတ်ယွင်းမှု ခံစားနေရတဲ့ ဦးဝင်းတင်က ဒေါ်အောင်ဆန်း စုကြည်နဲ့ ၄၅ မိနစ်ကြာ စကားပြောခဲ့တယ်လို့ ဆေးရုံမှာ စောင့်နေသူတွေက ပြောပါတယ်။




