အခြေခံ ဥပဒေ ၅၉ စ ကို မပြင်သင့်ကြောင်း အသိပညာပေး ဟောပြော

ဒေါ်အောင်ဆန်းစုကြည် သ မ္မတ ဖြစ်ရေး အဟန့်အတား ဖြစ်နေတဲ့ အခြေခံ ဥပဒေ ၅၉ စ ကို အမျိုးသားရေး ရှူဒေါင့် ကနေ ကာကွယ်စောင့်ရှောက်ပြီး မပြင်သင့်ကြောင်း အသိပညာပေး ဟောပြော ပွဲတစ်ရပ်ကို မနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ တာမွေ မြို့ နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ကျင်းပ ခဲ့ပါတယ်။
လူ ၇၀၀ ကျော် လောက် တက်ရောက်တဲ့ အဲဒီပွဲကို ပြည်သူလွှတ် တော် ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည် မတူ ကွဲပြားခြင်းနဲ ငြိမ်းချမ်းရေး ပါ တီက ကိုနေမျိုးဝေ အမျိုးသားရေးဝါဒီ ကိုရဲမင်းဦးတို့ တက်ရောတ် ဟောပြော ကြပါတယ်။
ဒီပွဲကို မြန်မာအမျိုးသား ကွန်ယက်က ဦးဆောင်ကျင်းပတာလို့ ပြောပေမဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့တွေလည်း ပါဝင်တာ တွေ့ရပါတယ်။ ဒီနေ့ပွဲကို မြန်မာအမျိုးသားရေး ကွန်ယက်အပြင် မန္တလေးမှာ ဖွဲ့စည်းခဲ့တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲတွေ အမျိုးသား ဒီမိုကရေစီ အင်အားစုက ပါတီဝင်တွေ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေ ပါ ပါဝင်ကြပါတယ်။
ဒါ့အပြင် ရဟန်းတော် တွေလည်း တက်ရောက် နားထောင်တာတွေ့ ရပါတယ်။
ကြံ့ခိုင်ရေးပါတီ က နောက် ကပါတယ် ပြောပေမဲ့ ဒီနေ့ပွဲမှာ အဲဒီပါတီ က ဗဟိုကော် မတီဝင် ဦးအောင်သိန်းလင်း တက် ရောက် နားထောင်တာ ကို ဘဲ တွေ့ရပါတယ်။
အခမ်းအနားဟာ အခြေခံ ဥပဒေပညာပေး ဟောပြောပွဲလို့ ပြောပေမဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အ မျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ပြင်လိုတဲ့ ၅၉ စ ကို အမျိုးသားရေးကြောင့် မပြင်သင့်တာကို အဓိက ပြောသွားတာတွေ့ ရ ပါတယ်။
ဒါ့အပြင် လွှတ်တော်က ပြင်နေတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို အနာဂတ် အမျိုးသား အကျိုးစီးပွါး ရှူဒေါင့် ကနေ စီစဉ် ကြဖို့ ကိုလည်း ပြောသွား ကြပါတယ်။




