ဖွဲ့စည်းပုံ အစီရင်ခံစာ အချိန်မီ တင်မယ်

ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်း ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာရေး ကော်မတီက မနက်ဖြန်မှာ လွှတ်တော်ကို အစီရင်ခံစာ တင်တော့မှာ ဖြစ်ပါတယ်။
ရရှိတဲ့ အချက်အလက် ပေါင်း ၃ သိန်း ရှိတဲ့ အတွက် အချိန်မီ မတင်ဘူး ဆိုတဲ့ သတင်းတွေ ထွက်ပေမယ့် ကော်မတီ က အပြီးသတ် အစီရင်ခံစာကို ပြုထားနိုင်ပြီ လို့ ပြောပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေလေ့လာ ရေးကော်မတီက အချက်အလက် တွေကို တည်းဖြတ်တာ မဟုတ်ဘဲ စုစည်းပေးတာ ဖြစ်တယ်။
အပြီးသတ် အစီရင်ခံစာမှာ တိုင်းရင်းသား အရေးက လွှမ်းမိုး နေတယ်လို့ အစီရင်ခံစာ ပြုစုတဲ့ အထဲမှာ ပါဝင်တဲ့ စိုင်းဘိုးအောင် က ရှင်းပြပါတယ် ။
ဖက်ဒရယ် ကိစ္စ အဓိက ထားပြီး တင်တာ တွေ့ရပြီး သမ္မတ အရည်အချင်း သတ်မှတ်ချက် အတွက် ပြင်ဖို့ အကြံပြုချက်က ရာဂဏန်း ပဲရှိတယ်လို့ သူက ပြောပါတယ်။




