အခြေခံ ဥပဒေ ပြင်ဖို့ NLD အခက်တွေ့

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဖို့အတွက် အချက်ပေါင်း ၁၅၀ လောက် ပြင်ဖို့ရှိတယ်လို့ အမျိုးသား ဒီမို ကရေစီ အဖွဲချုပ်ရဲ့ အခြေခံ ဥပဒေ ပြင်ဆင် ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကိုနီက ပြောပါတယ်။
ဒါပေမယ့် ဒီလို ပြင်ဖို့ရာမှာ အခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ က အဟန့်အတား ဖြစ်နေပြီး အဲဒီ ဥပဒေအရ ၂၀၁၅ မတိုင်မီ နိုင်ငံအနှံ့ ဆန္ဒခံယူပွဲပေါင်း ၁၅၀ ကျော် ကျင်းပဖို့ဟာ လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ သူက ပြောပါတယ်။
ဒီနေ့ ရန်ကုန် အနောက်ပိုင်းခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်ရဲ့ ပြည်သူများ ဆန္ဒ ကောက်ယူပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲချုပ် နာယက ဦးတင်ဦးက ၂၀၀၈ အခြေခံ ဥပဒေနဲ့ ပတ်သက်လို့ သဘောထား ရယူရာမှာ ပြည်သူတွေ ပါဝင်မှု အားနည်းတယ်လို့ ဒီနေ့ ပြောကြားလိုက်ပါတယ်။
ဥရောပ ၅ နိုင်ငံ ခရီး ရောက်ရှိနေတဲ့ အန်အယ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ လူဇင်ဘတ် နိုင်ငံမှာ ဒီကနေ့ ပြုလုပ်နေတဲ့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ကောင်စီ အစည်းအဝေးမှာ အီးယူ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်။




