အစိုးရနဲ့ တိုင်းရင်းသားတွေ အကြား ငြိမ်းချမ်းရေးမှာ ဂျပန် ကူမယ်

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ
ဓာတ်ပုံ ပုံစာ, ဂျပန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ

မြန်မာ အစိုးရနဲ့ တိုင်းရင်းသား အုပ်စုအသီးသီးကြား ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်မှာ ဂျပန် အစိုးရ ပါဝင် ကူညီသွားမယ်လို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောပါတယ်။

ဂျပန် နိုင်ငံမှာ ရောက်ရှိနေတဲ့နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် တနင်္လာနေ့က ဂျပန် ပါလီမန်ကို သွားရောက်ခဲ့ရာမှာ ဝန်ကြီးချုပ် ရှင်ဇို အာဘေးနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နှောင်းပိုင်းလောက်တုန်းက မြန်မာ့ငြိမ်းချမ်းရေး အတွက် ဂျပန် အထူးသံတမန် တယောက်ကိုလည်း ဂျပန် အစိုးရက ခန့်ထားခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို တက်တက်ကြွကြွ ထောက်ခံအားပေးတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကြွေးမြီတွေ ပြန်လည် ပေးဆပ်နိုင်ရေးကိုလည်း အကူအညီပေးခဲ့သလို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရေးကိုလည်း အထူးစိတ်ဝင်စားတဲ့ နိုင်ငံတနိုင်ငံ လည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂါနေ့မှာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံခဲ့သလို ဂျပန်ရောက် မြန်မာ ကျောင်းသား လူငယ်တချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။