ထိုင်းနယ်စပ်က မြန်မာ့ ဒုက္ခသည်အရေး
ထိုင်းနယ်စပ်မှာ ရောက်ရှိ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည် တသိန်းခွဲကို ထိုင်းအစိုးရက နေရပ်ရင်း ပြန်ပို့ဖို့ လုပ်နေတာကို ထိုင်း ရှေ့နေများ ကောင်စီက ကန့်ကွက် လိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဒုက္ခသည်တွေ အတွက် အလုပ်အကိုင်၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အာမခံချက်တွေ အရင်ရအောင် လုပ်ပေးဖို့ မြန်မာ အစိုးရမှာ တာဝန် ရှိတယ်လို့ သူတို့က ဆိုပါတယ်။
မြန်မာနိုင်ငံမှာက တိုက်ပွဲတွေကလည်း ဒီကနေ့အထိ ဆက်ဖြစ်နေတာကြောင့် ထိုင်းအစိုးရက အတင်းအကျပ် ပြန်ပို့တာမျိုးတွေ လုပ်လာမယ် ဆိုရင်တော့ နိုင်ငံတကာရဲ့ ပြစ်တင် ဝေဖန်မှုတွေကို ခံရမယ်လို့ ထိုင်းရှေ့နေများ ကောင်စီက တာဝန်ရှိသူက ဘီဘီစီ ဘန်ကောက်ရုံးခွဲရဲ့ စတူဒီယိုထဲမှာ ပြောပါတယ်။
တခါ ဒုက္ခသည်တွေက အကူအညီ တောင်းခံလာခဲ့ရင် ဥပဒေကြောင်း အရပါ အရေးယူ သွားမယ်လို့ သူက ပြောပါတယ်။




