ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာချုပ်လာတာကို နီပေါမှာ ဝေဖန်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လာရောက်ဖို့ ဖိတ်ခေါ်တဲ့ နီပေါ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို နီပေါနိုင်ငံ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ပါတယ်။
လူမျိုးစု ရှင်းလင်းရေး လုပ်ဆောင်နေတယ် လို့ စွပ်စွဲ ခံထားရတဲ့ စစ်ခေါင်းဆောင်တဦးကို ကြိုဆိုတာ နီပေါရဲ့ လူ့အခွင့်အရေး အာမခံချက်ကို ထိခိုက်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ ဂိုဝင်ဒါ ဘန်ဒီက ပြောပါတယ်။
နီပေါ စစ်တပ် အကြီးအကဲ ရာဂျန်ဒါ ချပ်ထရီရဲ့ ဖိတ်ကြားချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ နီပေါကို ၄ ရက်ကြာ အလည်အပတ် ရောက်ရှိနေတာပါ။
သူပုန်တပ်ဖွဲ့ဝင်တွေကို နီပေါစစ်တပ်အတွင်း ဝင်ရောက်ခွင့်ပေးတာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို မြန်မာ စစ်ခေါင်းဆောင်နဲ့ မျှဝေခဲ့တယ်လို့ နီပေါ စစ်တပ် ပြောခွင့်ရက ဘီဘီစီကို ပြောပါတယ်။