ရခိုင်မှာ အစိုးရက အစီအစဉ်တကျ လူ့အခွင့်အရေးချိုးဖောက်နေလို့ ကုလ ဆို

မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ရိုဟင်ဂျာတွေကို အပြီးအပိုင် မောင်းထုတ်ဖို့ ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရုံး ကစွပ်စွဲ လိုက်ပါတယ်။

ကုလသမဂ္ဂအစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ တွေကို တိုက်ခိုက်မှုတွေဟာ ရက်စက်ပြီး အစီစဉ်ရှိရှိပြုလုပ်တာဖြစ်ကြောင်း၊ စိုက်ခင်း တွေနဲ့ ကျေးရွာတွေကို ဖျက်ဆီးပစ်တာက ဒုက္ခသည်တွေ ပြန်မလာ နိုင်အောင် လုပ်တာလို့ဖေါ်ပြထားပါတယ်။

ရခိုင် အရေး နဲ့ပတ်သက်လို့ အစိုးရ ရဲ့ ပြောကြား ချက်တွေ နဲ့ လူ့အခွင့်အရေး ကော်မရှင် ဘက် စုံစမ်း တွေရှိချက်တွေက ဆန့်ကျင် နေတယ်လို့ အစီရင်ခံစာ ထဲမှာ ထည့်သွင်း ဖော်ပြပါတယ်။

ကုလသမဂ္ဂ ဝန်ထမ်းတွေက ဘင်္ဂလားဒေ့ရှ် ဘက်ကိုထွက်ပြေးလာတဲ့ လူတွေထဲက လူပေါင်း၆၀ကျော်ကို တွေ့ဆုံမေးမြန်းပြီး အစီရင်ခံစာ ထုတ်ပြန် ခဲ့တာလည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ အနေနဲ့ သူတို့ နေရပ်ကို မစွန့်ခွာဘူးဆိုရင် သတ်ခံရမယ်လို့ လုံခြုံရေး တပ်ဖွဲ့တွေက လက်ကိုင် အသံချဲ့စက်နဲ့ ကြေညာခဲ့တယ်လို့လည်း အဲဒီ့ အစီရင်ခံစာ ထဲမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ လုံခြုံရေး စခန်းတွေကို တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ ASRA အဖွဲ့ကို ချေမှုန်း နေ တာသာ ဖြစ်ပြီး အရပ်သား တွေကို ဉီးတည် တဲ့ လုံခြုံရေး ရှင်းလင်းမှု တွေ မလုပ်ဘူးလို့ အစိုးရ က သတင်းထုတ်ပြန် ထားပါတယ်။